ရှယ်ယာထည့်ဝင်ငွေ ဒေါ်လာတစ်သန်းခွဲ လိမ်လည်ပြီး မလေးရှားနိုင်ငံသား တရုတ်လူမျိုးလေးဦး ထွက်ပြေး
12 Sep 2017 1,442 Views

အစုရှယ်ယာဝင်များကိုဖိတ်ခေါ်၍ ဈေးဝယ် ကတ်ရောင်းချသော လုပ်ငန်းများလုပ်ကိုင်သည့် J Card Business ကုမ္ပဏီလီမိတက်မှ ပိုင်ရှင် မလေးရှားနိုင်ငံသား တရုတ်လူမျိုးလေးဦးက အစု ရှယ်ယာဝင်များထံမှ ဒေါ်လာတစ်သန်းခွဲ (ကျပ် သန်းနှစ်ထောင်ကျော်) လိမ်လည်တိမ်းရှောင်မှု ဖြစ်ပွားခဲ့သည်။ အဆိုပါကုမ္ပဏီသည် ရန်ကုန်မြို့တွင် Myanmar Junwell Global Co.,Ltd. အမည်ဖြင့် ၂၀၁၅ ကတည်း က စတင်ကာ အွန်လိုင်းရွှေဈေးကစားခြင်းနှင့် အစု ရှယ်ယာလုပ်ငန်းများ လုပ်ကိုင်ခဲ့သည်။ ၂၀၁၇ ဧပြီ ခန့်ကစ၍ ကမာရွတ်မြို့နယ်ရှိ ဒိုင်းမွန်းကွန်ဒိုတွင် J Card Business ကုမ္ပဏီလီမိတက်အမည်ဖြင့် ရုံးခန်းဖွင့်ခဲ့ပြီး မလေးရှားနိုင်ငံသား တရုတ်လူမျိုးများ ဖြစ်သည့် မစ္စတာအလန်၊ မစ္စတာဘရိုင်ယန်၊ မစ္စတာဒန်နီယယ်၊ မစ္စတာအဒမ်တို့က ဦးဆောင်လုပ်ကိုင် ခဲ့သည်။ ငွေကြေးဆုံးရှုံးသည့် ရှယ်ယာရှင်ဟုဆိုသူ ၁၀၀ ကျော်ရှိပြီး တစ်ဦးလျှင် အနည်းဆုံးဒေါ်လာ ၅,၀၀၀ (ကျပ် ၆၅ သိန်း)ခန့်မှ ဒေါ်လာသောင်းချီ ဆုံးရှုံးသူများလည်း ပါဝင်သည်။
ထို့အပြင် အများစုသည် ၎င်းတို့၏ ဆွေမျိုးအပေါင်းအသင်းများကိုပါ ရှယ်ယာထည့်ရန် ဆွယ်ထားသဖြင့် မျက်နှာပျက်ရသည်ဟု ဒေါ်လာလေးသောင်းခန့် ဆုံးရှုံးသော အမျိုးသားတစ်ဦးက ပြောသည်။ ‘‘ကျွန်တော့်သူငယ်ချင်းတစ် ယောက်ဆွယ်လို့ လုပ်ဖြစ်တာပါ။ ဝန်ထမ်းလည်းလုပ်တယ်။ ရှယ် ယာလည်းထည့်လုပ်တယ်။ အစ က အတိုးပုံမှန်ပေးပါတယ်။ လူ ရှာပေးနိုင်ရင် ဘောနပ်စ်ထပ်ရ တယ်’’ဟု ၎င်းက ပြောသည်။ အဆိုပါ လုပ်ငန်းသည် J Coin နှင့် J Card စသည့်ဈေး ဝယ်ကတ်လုပ်ငန်းကို အကြောင်း ပြု၍ ရှယ်ယာရှင်များကို ဖိတ်ခေါ် ခြင်းဖြစ်သည်။ ရှယ်ယာရှင်များကို အဆိုပါ လုပ်ငန်းလုပ်ကိုင်ရန် ထည့်ဝင် ထားသည့် ငွေပမာဏအလိုက် အတိုးနှုန်း ၃ ရာခိုင်နှုန်းမှ ၅ ရာခိုင် နှုန်းအထိ တစ်လတစ်ကြိမ် ပုံမှန် ထုတ်ပေးခဲ့ပြီး ရှယ်ယာငွေအရင်း ကို တစ်နှစ်ကြာမှ ထုတ်ပေးမည် ဟုဆိုကာ စည်းရုံးခဲ့ခြင်းဖြစ် သည်။ ၎င်းတို့လေးဦးက စက်တင် ဘာ ပထမပတ်တွင် အစုရှယ် ရာဝင်များ ရှယ်ယာဝင်ထားသည့် ကန်ဒေါ်လာ ၁၀ သိန်းကျော်ကို ယူဆောင်ခဲ့ပြီး ဝန်ထမ်းများ လစာနှင့် ကွန်ဒိုငှားခများမပေးဘဲ ထွက်ပြေးခဲ့သည်ဟု အဆိုပါကုမ္ပဏီ၏အုပ်ချုပ်ရေး တာဝန်ရှိသူတစ်ဦး က 7Day Daily သတင်းစာအား ပြောသည်။
‘‘ထွက်ပြေးတယ်လို့ သိတဲ့ နေ့မှာပဲ လေဆိပ်ကိုလိုက်ကြ တယ်။ လေဆိပ်မှာမေးလို့ မြန်းလို့ တောင်မရတော့ဘူး’’ဟု ၎င်းကပြောသည်။ ယင်းကုမ္ပဏီတွင် ရှယ်ယာဝင်သူ ၁၅ ဦးက ထွက်ပြေးနေသူများနှင့် ကုမ္ပဏီမှ တာဝန် ရှိသူများကို စက်တင်ဘာ ၅ ရက်၌ ကမာရွတ်မြို့နယ်ရဲစခန်းတွင် လာရောက်အမှုဖွင့်ခဲ့ကြောင်း ကမာရွတ်မြို့နယ်ရဲစခန်းမှ ဒုရဲအုပ်စိုးသူက ပြောသည်။ သို့သော်ရှယ်ယာစုငွေကိစ္စများဖြစ်နေ၍ ရဲအရေး မပိုင်သောကြောင့် တရားရုံးကို ဦးတိုက်လျှောက် ထားရန် ညွှန်ကြားခဲ့ကြောင်း ဒုရဲ အုပ်စိုးသူက ဆက်ပြောသည်။
လက်ရှိတွင် အဆိုပါကုမ္ပဏီ တာဝန်ရှိသူများနှင့် ဒါရိုက်တာအ ဖွဲ့ဝင်များ ပူးပေါင်း၍ ထွက်ပြေး သွားသော တရုတ်လူမျိုးများ၏ အချက်အလက်များနှင့် ဖြစ်စဉ်ကို သတင်းစာရှင်းလင်းပွဲပြုလုပ်မည် ဟု ယင်းကုမ္ပဏီတွင် မြန်မာပြည် တာဝန်ခံအဖြစ် လုပ်ကိုင်ဖူးသော ဦးကျော်စွာဟိန်းက ပြောသည်။ဦးကျော်စွာဟိန်းသည် ယခုနှစ် ဇွန်လဆန်းကစ၍ အလုပ်ထွက်ခဲ့ကြောင်း ၎င်းက ပြောသည်။ J Card ဆိုသည်မှာ Card ကို ကျပ်တစ်သောင်းနှစ်ထောင် ဖြင့် ဝယ်ယူရပြီး အဆိုပါကုမ္ပဏီမှ ဖွင့်လှစ်ထားသော စားသောက် ဆိုင်များနှင့် စတိုးဆိုင်များတွင် ငွေစက္ကူမဟုတ်ဘဲ ထို Card ဖြင့် ကျပ်တစ်သောင်းငါးထောင်ဖိုး ဈေးဝယ်ယူနိုင်သည်။ ကုမ္ပဏီနှင့် ချိတ်ဆက်ထားသော အခြားဆိုင် များ၌ Card ကိုပြ၍ ၅ ရာခိုင် နှုန်းမှ ၁၀ ရာခိုင်နှုန်း လျှော့ဈေး ရယူနိုင်သည်။
‘‘ကျွန်တော်တို့ဆိုင်ကို J Card က လာချိတ်တုန်းက သူတို့ ရဲ့ Customer ကို ဒီဆိုင်ကိုလွှဲပေး မယ်။ ကြော်ငြာပေးမယ်ပေါ့။ အဲဒီအတွက် သူတို့လွှတ်ပေးတဲ့ Cu-stomer ကို ၅ ရာခိုင်နှုန်းလျှော့ ပေးရမယ်။ အဲဒီလို ရှင်းရှင်းလေး လာညှိသွားတာ။ ကျွန်တော်တို့က Customer ရမယ်။ သူတို့က ကတ်ရောင်းရမယ် အဲဒီလိုပုံပါ’’ ဟု J Card နှင့် ချိတ်ထားသော The Finger Food Center ပိုင် ရှင် ကိုကျော်မြတ်မင်းက ပြော သည်။အဆိုပါကုမ္ပဏီက ဖွင့်ထား သော စားသောက်ဆိုင်နှင့် စတိုး ဆိုင်အချို့သည် လက်ရှိတွင် ပိတ် ထားပြီဖြစ်သည်။ ထို့အပြင် ဝန်ထမ်းများ၏ ကတ်ရောင်းသည့်စနစ်တွင် ဆင့် ပွားရောင်းချခြင်းများ၊ စည်းရုံး ခြင်းများနှင့် လူရှာစည်းရုံးနိုင်သူ များကို ဘောနပ်စ်ပေးသည့်စနစ် များကြောင့် Multi Level Mar-keting စနစ်နှင့် ဆင်တူသည်ဟု ဝေဖန်မှုများရှိသည်။ လက်ရှိတွင် ကုမ္ပဏီ၌ မြန်မာပြည်တာဝန်ရှိသူများသာ ကျန်ရစ် ခဲ့ပြီး ရှယ်ယာရှင်များ၏ အရင်း ငွေကို လာမည့်အောက်တိုဘာ တွင် ပြန်ထုတ်ပေးမည်ဟု လက်ရှိ ဝန်ထမ်းများကပြောကြောင်း ငွေ ကြေးဆုံးရှုံးသည့် ရှယ်ယာရှင် တစ်ဦးက ပြောသည်။
‘‘နိုင်ငံခြားသားက ငွေတွေ အကုန်ယူပြီး ထွက်ပြေးသွားတာ၊ သူတို့မသိဘူးဆိုတာ တစ်မျိုးပဲ။ ပြန်ပေးမယ်ပြောနေလည်း ကျွန်မ တို့ငွေက ပြန်ရနိုင်စရာမရှိတော့ ဘူး။ လက်ရှိ ကုမ္ပဏီမှာ ကျန်ရစ် နေတဲ့ သူတွေကို ရှင်းပြခိုင်းမယ်၊ တရားစွဲဖို့ စသဖြင့် တရားဥပဒေ အတိုင်း ဆောင်ရွက်ဖို့လုပ်သွား မှာပါ’’ဟု ဒေါ်လာသုံးသောင်းခန့် ဆုံးရှုံးခဲ့သည့် ရှယ်ယာရှင်အမျိုး သမီးတစ်ဦးက ပြောသည်။ လက်ရှိတွင် ကမာရွတ်မြို့ နယ် ဒိုင်းမွန်းကွန်ဒိုရှိ J Card Business ကုမ္ပဏီလီမိတက်သည် ပိတ်ထားပြီး ဝန်ထမ်းများလည်း လာရောက်ခြင်းမရှိတော့ ပေ။ ကွန်ဒိုငှားရမ်းခအပြင် မီတာခအကြွေး ကျပ် ၁၈ သိန်းခန့်ပေးရန်ကျန်ခဲ့ကြောင်း ဒိုင်းမွန်းကွန်ဒို တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့အပြင် အဆိုပါကုမ္ပဏီသည် ရှယ်ယာလုပ်ငန်းလုပ်ကိုင်ရန် ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်တွင် မှတ်ပုံတင်ထားခြင်းလည်း မရှိ ပေ။ ငွေချေးသက်သေခံလက် မှတ် လုပ်ငန်းကြီးကြပ်ရေးကော် မရှင်တွင် မှတ်ပုံတင်ထားခြင်းမရှိ ဘဲ ရှယ်ယာအစုအဖွဲ့ ရောင်းချမှု ပါက အရေးယူနိုင်ကြောင်း ကော် မရှင်အဖွဲ့ဝင် ဦးဌေးချွန်က ပြောသည်။ သို့သော် လက်ရှိဖြစ်စဉ်အသေးစိတ်ကိုမူ မသိသေးကြောင်း နှင့် စုံစမ်းမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။ ထိုကဲ့သို့ ရှယ်ယာဝင်ငွေများ လိမ်လည်ထွက်ပြေးသည့်ဖြစ်စဉ် သည် ယခင်ကလည်း ရှိခဲ့သည်။ ပြည်တွင်းရှိ SCL ကုမ္ပဏီနှင့်I Smart ကုမ္ပဏီများသည် ရှယ် ယာကျပ်သိန်းထောင်ချီ လိမ် ရောင်းပြီး ထွက်ပြေးသည့်ဖြစ်စဉ် ယခုနှစ် ဇူလိုင်အတွင်းက ဖြစ်ပွား ခဲ့သည်။ ထို့အပြင် ၂၀၁၅ ဇူလိုင် ကလည်း တရုတ်နိုင်ငံသားနှစ်ဦး က ထိုကဲ့သို့ ရှယ်ယာကျပ်သန်း ၁,၆၀၀ ခန့် လိမ်လည်တိမ်းရှောင် ဖူးသည်။ ယခုလအတွင်း ပြည်ထဲရေး ဝန်ကြီးဌာနက MLM ကွန်ရက် စနစ်ဖြင့် လုပ်ကိုင်နေသည့် လုပ် ငန်းများ၊ MLM စနစ်ပြုလုပ်နေပြီး ရှယ်ယာထည့်ဝင်စေသည့် လုပ် ငန်းများကို ခေါ်ယူစိစစ်နေ ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က စက်တင်ဘာ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။
Credit : 7daydaily