BEC-TERO TV

၁၀နှစ်ကြာမှပြန်စရိုက်တဲ့ကားကို ဒရာမာကား ပဲ ဖြစ်ချင်တဲ့ ဇင်ဇင်ဇော်မြင့်

12 Sep 2017     1,497 Views


အနုပညာလှုပ်ရှားမှုတွေ ကနေ ၁၀နှစ်ကျော် ဝေးကွာနေတဲ့  ဇင်ဇင်ဇော်မြင့်ဟာ ရာဇ၀င်ရိုင်းခဲ့သည် ရုပ်ရှင်ဇာတ်ကားနဲ့ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာပြီလဲ ဖြစ်ပါတယ် ။

“အနုပညာလောကထဲကို ဒုတိယအကြိမ်ပြန်ဝင်တာဆိုတော့ တအား အရေးကြီးပါတယ် ။ အသက်အရွယ်လဲရှိလာတဲ့ အတွက်ကိုယ်နဲ့ လိုက်ဖက်တဲ့ ဖက်ရှင် အ၀တ်အစားတွေကအစ တအားကို သတိထားစဉ်းစားရပါတယ် ။နောက်ပြီး ကိုယ်နဲ့ လိုက်ဖက်တဲ့ မိတ်ကပ် ၊ ဆံပင်ပုံစံတွေ ဖန်တီးပြီး ပီပီပြင်ပြင်နဲ့ သရုပ်ဆောင် ဖို အတွက် အချိန်တွေတော့ တော်တော်ယူရတယ် ။ အခုချက်ချင်းထရိုက် ၊ အခုချက်ချင်းထလုပ်လို့တော့မရပါဘူး ။ ဇာတ်ကောင်ရဲ့ ကာရိုက်တာ အတိုင်းသရုပ်ဆောင်နိုင်ဖို့ အဘက်ဘက်က ပံပိုးပြီးတော့လုပ်ကိုင်ရပါတယ်” လို့ ပြောထားပါတယ် ။  

“ ကိုယ်ပရိတ်သတ်တွေတောင်းဆိုတဲ့ ဇာတ်လမ်းမျိုး ၊ ပရိတ်သတ်တွေကြိုက်တဲ့ ဇာတ်လမ်းမျိုးတွေကိုပဲ ရိုက်ကူးသွားမှာပါ ။ ပထမဦးဆုံးအနေနဲ့ ရိုက်တဲ့ ဇာတ်ကားကို ဒရာမာပဲ ဖြစ်ချင်ပါတယ် ။ လွန်ခဲ့ တဲ့ ၁၀ နှစ်ကလဲ ဒရာမာနဲ့ ပဲ စရိုက်ကူးခဲ့ တဲ့ အတွက် ဒုတိယ အကြိမ်ပြန်ဝင်တော့လဲ ဒရာမာပဲ ဖြစ်စေချင်တယ် ။နောက်ပိုင်းတော့ ပရိတ်သတ် ကြိုက်မယ့် ဇာတ်လမ်းအစုံကို ရိုက်ကူးသွားမှာပါ”

ဇင်ဇင်ဇော်မြင့်ဟာ ZZGems & Jewellery ဆိုင်ကို ဖွင့်လှစ်ထားပြီးစီးပွားရေးကော အနုပညာဘက်ကိုလည်း မျှတအောင် လုပ်သွားမှာပါ ။ ခင်ပွန်းကလဲ CKKP ရုပ်ရှင်ထုတ်လုပ်ရေးကို တည်ထောင်လိုက်ပြီး ပရိတ်သတ်အတွက် ရသစုံတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးသွားမယ်လို့ သိရပါတယ် ။

Credit:popular 


12 Sep 2017     1,497 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment