BEC-TERO TV

ဖောက်ပြန်နေတဲ့ ယောက်ျားကြောင့် သမီးငယ်နဲ့အတူ သတ်သေဖို့ကြိုးစားခဲ့တဲ့ဇနီး(ရုပ်သံ)

12 Sep 2017     1,595 Views


ပြီးခဲ့သည့် စနေနေ့က တရုပ်နိုင်ငံ ပေကျင်းမြို့တွင် နေထိုင်သော မိသားစုတစ်ခုတွင် ခင်ပွန်းဖြစ်သူ၏ ဖောက်ပြန်မှုကို သီးမခံနိုင်တော့သည့်အဆုံး သမီးငယ်နှင့်အတူ အဆုံးစီရင်ကာ တိုက်ပေါ်မှ ခုန်ချရန် ဇနီးဖြစ်သူက ကြံစည်ခဲ့သည်။


ဗီဒီယိုပါ ပုံရိပ်အရ သားအမိနှစ်ဦး အထပ်မြင့်နေအိမ်တိုက်ခန်း ပြတင်းပေါက်အပြင်ဘက်ရှိ ခါးပန်းနေရာကျဉ်းကျဉ်းလေးပေါ်တွင် မတ်တပ်ရပ်နေခဲ့သည်။ သမီးငယ်လေးမှာ ကြောက်လွန်းသဖြင့် မိခင်ကို တအားဖက်ထားကာ ငိုယိုလျက် သူမ၏မိခင်ကို သူမ မသေပါရစေနဲ့ဟု ပြောဆိုတောင်းပန်ခဲ့သည်။


ထိုအချိန် တိုက်အောက်ဖက်မှာတော့ ယောက်ျားဖြစ်သူက ဒူးထောက်လျှက် မီးသတ်နဲ့ ရဲများကို အမြန်ကယ်ဆယ်ပေးရန် တောင်းဆိုနေခဲ့သည်။ မျက်မြင်သက်သေများ၏ အဆိုအရ လင်ယောက်ျားဖြစ်သူမှာ အလုပ်အကိုင်မရှိပဲ အငယ်အနှောင်းထားနေသည့် ကိစ္စကို ဇနီးသည်က သိရှိသွားပြီးနောက် သူမကိုယ်သူမသတ်သေရန် ကြိုးစားရာတွင် သမီးဖြစ်သူကိုပါ ခေါ်သွားမည်ဟု ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။


ဗီဒီယိုထဲတွင် ဇနီးသည်က ခင်ပွန်းကို အော်ဟစ်ကာ ပြစ်တင်ပြောဆိုနေခဲ့သည်။

နင်က အလုပ်လဲမရှိဘူး၊ ပိုက်ဆံလဲမရှာနိုင်ဘူး၊ ကားဆိုတာ ဝေလာဝေး၊ ဒါနဲ့များတောင် ငါကဘာဖြစ်လို့ နင်နဲ့အတူရှိနေခဲ့တာလဲ သိလား.. နင့်ဆီက ငါလိုချင်တာ သမီးလေးရယ် သာယာတဲ့ မိသားစုဘဝလေးရယ်ပါ” ဟု အမျိုးသမီးက ပြောဆိုခဲ့သည်။


အောက်ဖက်မှ ရဲအဖွဲ့များက အမျိုးသမီးကို ခင်ပွန်းဖြစ်သူအား နောက်ထပ်အခွင့်ရေး တစ်ကြိမ်လောက်ပေးရန် ဝိုင်းဝန်းဖျောင်းဖျခဲ့သည်။ ယောက်ျားဖြစ်သူကလည်း မြေကြီးပေါ်ဒူးထောက်ကာ သုံးနာရီခန့် ခွင့်လွှတ်ပေးပါရန် တောင်းပန်ခဲ့သည်။


နောက်ဆုံးမှာ အမျိုးသမီးက မောပမ်းနွမ်းနယ်လာမှုနဲ့အတူ ဖျောင့်ဖျမှုစကားများကို နားဝင်စပြုလာသည့်အချိန်တွင် ရဲအဖွဲ့များက အခြားအခန်းတစ်ခုမှ ထွက်လာကာ အမြန်ဆုံးကယ်ဆယ်နိုင်ခဲ့သည်။


12 Sep 2017     1,595 Views




RELATED

Most Popular of Special or Others

Most Popular of NEWS