BEC-TERO TV

ရွှေမှုန်ရတီ အိုက်တင်အတိုင်း သရုပ်ဆောင်ခဲ့တယ်ဆိုတဲ့ ဇေရဲထက်

12 Sep 2017     1,793 Views


မိန်းမလျှာ ကာရိုက်တာတွေမှာ အရမ်းပီပြင်လှတဲ့ ဇေရဲထက် က ဒီတခေါက်မှာလဲ “လှရွှေနှင့် သူဧ။်သူငယ်များ” ဇာတ်ကားမှာ နာမည်ကြီးဖက်ရှင်ဒီဇိုင်နာ မိန်းမလျှာ အဖြစ် မြင်တွေ့ရအုံးမှာ ဖြစ်ပါတယ် ။ စိတ်ကြီးဝင်နေတဲ့မိန်းမ ဇာတ်ကားမှာလဲ ရွှေမှုန်ရတီရဲ့ပုံစံ အတိုင်း အိုက်တင်တွေကိုသဘောကျလို့ မတူယူထားတယ်လို့ ပြောထားပါတယ် ။

“ကျွန်တော်အစက  မာယာကကြိုး ဇာတ်ကားမှာ ဖြတ်၊ဖောက်၊ချုပ် ကာရိုက်တာဆိုတော့ မျက်ခုံးမွှေးတွေရိတ်ထားတဲ့ အတွက် ယောက်င်္ကျားလေး ကာရိုက်တာရိုက်လို့မရသေးဘူး ။ ဒါကြောင့် လှရွှေနှင့် သူဧ။်သူငယ်များ  ဇာတ်ကားကို လက်ခံပြီးရိုက်ကူးခဲ့တယ် ။မထင်မှတ်ပဲ ဇာတ်ကားမှာ ပြတ်လုံးတွေ တအားများတယ် ။ ပေါပေါကြီးမဟုတ်ပဲ မျက်ခုံး ၊ နှုတ်ခမ်းလေးတွေ ရွဲ့ကာမဲ့ကာ သရုပ်ဆောင်ရတဲ့ ဇာတ်ကားပါ ။ ရွှေမှုန်ရဲ့ အိုက်တင်တွေကို ကျွန်တော် အရမ်းသဘောကျတယ်  မိန်းမလျှာဇာတ်ကားရိုက်ကူးရင် သူ့ပုံစံလေးတွေ ယူပြီး သရုပ်ဆောင်တာများတယ် ။ ရွှေမှုန်နဲ့ လဲ အရမ်းရင်းနီးတော့ တိုင်ပင်ဖော် တိုင်ပင်ဖက်လည်း ရတယ် ။”

“ ရာဇ၀င်ရိုင်းခဲ့သည် ဇာတ်ကားမှာလဲ တက်တူးတွေ ထိုးထားပြီး sexy ကျတဲ့ မာယာများတဲ့ ကာရိုက်တာဆိုရင်လဲ ဇာတ်ကားမရိုက်ကူးခင်ကတည်းက ဆံပင် ပုံစံ ၊ မျက်နှာပုံစံတွေကို sexy ကျတဲ့ camera man ပုံစံရအောင် ကြိုးစားထားတယ် ။ယောက်င်္ကျားမာယာ အရမ်းများတဲ့ သရုပ်ဆောင်မှုတွေ ဖြစ်တဲ့ အတွက် စိန်ခေါ်မှုများတဲ့ ဇာတ်ကားတစ်ကားပါ” လို့ ပြောသွားခဲ့ပါတယ် ။

credit:popular 


12 Sep 2017     1,793 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment