BEC-TERO TV

ကွန်ဂိုမြစ်မှ ဖမ်းမိခဲ့တဲ့ ဧရာမ ကျားငါးကြီး (giant tiger fish)

13 Sep 2017     1,607 Views


ချွန်ထက်တဲ့ သွားအစွယ်ကြီးတွေရှိပြီး သူ့ရဲ့ ပါးစပ်ဟာလည်း ကြီးမားနေတာကြောင့် အခြားသတ္တ၀ါတွေကိုလည်း တိုက်ခိုက်အနိုင်ယူတတ်ပါတယ်။ ဒေသခံများပြောပြချက်အရ ဒီငါးဟာ မိကျောင်းကိုနိုင်တဲ့ တစ်ခုတည်းသော ငါးမျိုးဖြစ်တယ်လို့ သိရပါတယ်။ မိကျောင်းအငယ်တွေကိုလည်း လိုက်လံသတ်ဖြတ်စားသောက်လေ့ရှိပြီး လူသားတွေကိုလည်း အန္တရာယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

ဒီငါးကို ဖမ်းနိုင်ဖို့အတွက် နှစ်ပေါင်း များစွာ လေ့လာခဲ့ရတယ်လို့ အခြားသတင်းများမှာလည်း ဆိုထားပါတယ်။ ဒီငါးကို ဖမ်းမိပြီး အများပြည်သူကို ပြသအပြီးမှာတော့ ရေထဲကို ပြန်လွတ်ပေးလိုက်တယ်လို့ သိရပါတယ်။ အကြောင်းကတော့ ဒီလိုငါးမျိုးဟာ အလွန်ရှားပါးပြီး မကြာခင် ဒီကမ္ဘာကနေ ဆိတ်တုန်းသွားတော့မယ့် ငါးမျိုးဖြစ်နေလို့ပါပဲ။

Credit : ကမ္ဘာ့အံ့ဖွယ်များ


13 Sep 2017     1,607 Views




RELATED

Most Popular of Special or Others

Most Popular of NEWS