BEC-TERO TV

ဒုရဲအုပ်အယောင်ဆောင်တစ်ဦး လိုင်းစင်မဲ့ကားနှင့်အတူ ဖမ်းဆီးမိ

13 Sep 2017     1,928 Views


ပြည်မြို့တွင် ရဲတပ်ဖွဲ့ဝင်အယောင်ဆောင်ကာ ပြည်သူများအား လိုက်လံလှည့်ဖျားနေသူ တစ်ဦးကို သတင်းအရ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်မြို့မရဲစခန်းမှ သတင်းရရှိသည်။


သတင်းအရ ရဲအယောင်ဆောင်ထားသူအား ပြည်ခရိုင် မှုခင်းနှိမ်နင်းရေးဌာနစုမှ ရဲအုပ် စိုးမင်း၊ ဒုရဲအုပ် လှမင်းတို့ ဦးဆောင်သောအဖွဲ့မှ စုံစမ်းရှာဖွေ ဖော်ထုတ်ခဲ့ရာ ပြည်မြို့၊ ပြည်သာယာရပ်ကွက်၊ ထွန်းရတနာလမ်းနေ ဇော်လင်းအောင် ဆိုသူအား ရဲတပ်ဖွဲ့ ယူနီဖောင်းအင်္ကျီ၊ ဒုရဲအုပ် ဇော်လင်းအောင် အမည်ပါ လိပ်စာကဒ်တို့နှင့်အတူ လိုင်စင်မဲ့ ကားတစ်စီးကို ပြည်-အောင်လံ ကားလမ်းမပေါ်တွင် ဖမ်းဆီးရမိခဲ့သည်။


ဒုရဲအုပ်အ​ယောင်ဆောင် ဇော်လင်းအောင် အား ပြည်(၃)နယ်မြေရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သတင်းရရှိသည်။

သတင်းရင်းမြစ် - ဇာနည်

 


13 Sep 2017     1,928 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS