BEC-TERO TV

ချစ်သူက ၉နှစ်ကြီးတယ်ဆိုတဲ့ ပိုင်ဖြိုးသု့

13 Sep 2017     1,353 Views


သရုပ်ဆောင်ဆရာဝန် မင်းသမီးချောလေး ပိုင်ဖြိုးသု့ ဟာ ချစ်သူရှိတယ်လို့ အမြဲ ပြောခဲ့ ပေမယ့် ဘယ်သူ ဆိုတာကိုတော့ ချပြလေ့ မရှိပါဘူးဒီတခါမှာ   သူမရဲ့ အချစ်ရေးကိုလဲ ပွင့်ပွင့်လင်းလင်း ပြောထားပါတယ် ။

"သူနဲ့က ရိုက်​ကွင်းတစ်​ခုမှာ စ​တွေ့တာပါ။သုသု ကချစ်​သူရှိတယ်​ ဆိုတာ (media) ​တွေ ​မေးတိုင်း​ဖြေပါတယ်​။ များ​သောအားဖြင့်​ ပရိတ်​သတ်​​တွေက မင်းသမီး​တွေကို နှ​မျောတယ်​ဆိုတာ အရမ်း​ချောလို့၊ လှလို့၊ ချစ်​စရာ​ကောင်းလို့ ရည်းစားမထား​စေချင်​ဘူး၊ ဘယ်​သူမှမပိုင်​​စေချင်​ဘူး အဲ့လိုမျိုးပါ။ ကိုယ်​ကျ​တော့ အဲ့လိုရုပ်​လဲ မရှိတဲ့အခါကျ​တော့ ပရိတ်​သတ်​က မနှ​မျော​​လောက်​ပါဘူးလို့ ထင်​တာပါ။

အဲ့ဒါ​ကြောင့်​ ရည်းစားရှိလား​ ​မေးရင်​ ရှိတယ်​ပဲ​ဖြေပါတယ်​။ ညီမကိုနှ​မျောကြတဲ့ ပရိတ်​သတ်​​တွေက သူတို့စိတ်​မှာ ညီမ​လေးလို၊ အမလို သ​ဘောထားလို့ နှ​မျောကြတာလို့ထင်​ပါတယ်​။ ညီမအသက်​လည်း (၂၇) ဆို​တော့ သီးချိန်​တန်​သီး ပွင့်​ချိန်​တန်​ပွင့်​ ဆိုတဲ့ သ​ဘော​လေးကို နားလည်​​ပေးပါလို့ ​ပြောချင်​ပါတယ်​။

သုသု တို့ချစ်​သူဖြစ်​တာ နှစ်​ဖက်​မိဘ ​တွေလည်း သိကြပါတယ်​။ နှစ်​​ယောက်​သားက ဝါသနာချင်းလည်း တူတယ်​။ တန်​ဖိုးထားတာချင်​လည်းတူ​တော့ အခုချိန်​ထိ ပြဿနာ ကြီးကြီးမားမား မရှိ​သေးပါဘူး။

 သူက ညီမထက်​ (၉) နှစ်​ကြီးပါတယ်​။ သူက ညီမ အ​ပေါ်အရမ်းနားလည်​တယ်​။ ​အေးလည်း​အေးတယ်​။ လက်​ထက်​ဖို့​တော့ လိုပါ​သေးတယ်​။ နှစ်​​ယောက်​လုံးက အလုပ်​အတွက်​ ​ကြိုးစား​နေဆဲ အ​ခြေ​နေမို့လို့ လက်​ထက်​ဖို့​တော့ လိုပါ​သေးတယ်​” လို့ပြောသွားခဲ့ပါတယ် ။

 

credit: myanmar celebrity


13 Sep 2017     1,353 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment