BEC-TERO TV

FLATFEET ရောဂါအကြောင်းသိကောင်းစရာ

10 Jun 2015     1,379 Views


FLATFEET ရောဂါကအဖြစ်နည်းတဲ့ရောဂါတစ်မျိုးဖြစ်ပါတယ်။ သာမန်လူတစ်ဦးရဲ့ခြေဖဝါးကအတွင်းဘက်မှာ အနည်းငယ်ခုံးနေတက်ပါတယ်။ ထိုရောဂါဖြစ်တဲ့သူကတော့ခုံးမနေပဲပြားနေတက်ပါတယ်။မွေးခါစကလေးတွေနဲ့ လမ်းလျှောက်တက်ခါစကလေးတွေရဲ့ခြေထောက်ကပြားနေတက်ပါတယ်။အရွယ်ရောက်တဲ့အခါမှာဆိုရင်တော့ သူရဲ့အတွင်းခြေထောက်ကအနည်းငယ်ပြန်ခုံးသွားတက်ပါတယ်။ကလေးတွေမှာကတော့ပုံမှန်ဖြစ်တာပါ။
 
အသက်ကြီးမှဖြစ်တယ်ဆိုရင်တော့ ရောဂါတစ်မျိုးလို့ပြောလို့ရပါတယ်။ထွေထွေထူးထူးခံစားရတာမျိုးတော့မရှိပါ ဘူး။လမ်းလျှောက်တဲ့အခါမှာအနည်းတော့ခံစားမှုတစ်မျိုးခံစားရပါလိ်မ့်မယ်။တစ်ခါတစ်လေလမ်းလျှောက်တဲ့ အခါမျိုးမှာဆိုရင် နာကျင်မှုဝေဒနာကိုခံစားရပါလိမ့်မယ်။ထိုရောဂါခံစားနေရပြီဆိုလျှင် ဆရာဝန်နဲ့အမြန်ဆုံးတိုင် ပင်ပြသသင့်ပါတယ်။
 
အဝလွန်တဲ့သူ ၊ ခြေမျက်စိမှာထိခိုက်ဒဏ်ရာရတဲ့သူ ၊ လေးဖက်နာအဆစ်အမြစ်နာရောဂါ ဖြစ်တဲ့သူတွေမှာ ဖြစ်တက်ပါတယ်။အသက်ကြီးလာရင်ဖြစ်တယ်လို့လည်းတွေ့ရှိရပါတယ်။ထွေထွေထူးထူး ကုသနည်းတော့မရှိပါဘူး။
 
တချို့တွေက ကောင်းကောင်းရွေ့လျားနိုင်တယ်ဆိုရင်တော့ခွဲစိတ်ကုသစရာမလိုပါဘူး တစ်ချို့တွေကအရမ်းကိုမာကျောပြီးလမ်းလျှောက်လို့အဆင်မပြေဘူးဆိုရင် အရိုးအကျောအထူးကုဆရာဝန်တွေ နဲ့တိုင်ပင်ပြသပီးတော့ သူတို့ရဲ့ညွန်ကြားချက်အတိုင်း နေထိုင်သင့်ပါတယ်။ ထိုရာဂါမဖြစ်အောင် အရမ်းမ ဝအောင်နေရမယ်။လေ့ကျင့်ခန်းပြုလုပ်ရမယ်။အနားယူရမယ်။လိုအပ်တဲ့ဆေးဝါးကုသမှုခံယူရမယ်။ဆရာဝန်နဲ့တိုင်ပင်ပြသသင့်ပါတယ်။

10 Jun 2015     1,379 Views




RELATED

Most Popular of Health Fix

Most Popular of Life Style