BEC-TERO TV

တားမြစ်ထားသော တံတားကိုဖြတ်သန်းမိသဖြင့် တံတားပြိုကျ (ရုပ်သံ)

13 Sep 2017     1,531 Views


တရုပ်နိုင်ငံတွင် လာရောက်လည်ပတ်ကြသော ခရီးသွားအုပ်စုတစ်စုက ဘေးအန္တရာယ်ရှိသဖြင့် မဖြတ်သန်းရန် တာမြစ်ထားသော ကြိုးတံတားတစ်စင်းကို ဖြတ်ကူးနေကြစဉ် တံတားပြိုကျခဲ့သည်။


တရုပ်နိုင်ငံ ဟူဘေပြည်နယ်တွင် ခရီးသွားအုပ်စုသည် မြစ်တစ်ခုကို ဖြတ်သန်းတည်ဆောက်ထားသော ကြိုးတံတားဟောင်းတွင် မဖြတ်ကူးရဟု တားမြစ်ထားသော ဆိုင်းဘုတ်ကို အရေးမစိုက်ပဲ ဖြတ်သန်းခဲ့ကြရာမှ တံတားပြိုကျခဲ့ခြင်းဖြစ်ပြီး လူအချို့ မြစ်ထဲပြုတ်ကျကာ လူအချို့မှာ တံတားပေါ်တွင် တန်းလန်း အနေအထားနှင့် ထိတ်လန့်စွာ တွဲလောင်းခိုထားခဲ့ကြရသည်။


အဆိုပါအဖြစ်ပျက်က စက်တင်ဘာလ ၇ ရက်နေ့က ဖြစ်ပျက်ခဲ့ပြီး လူ ၁၅ ဦး ဒဏ်ရာရရှိခဲ့ကာ တစ်ဦးမှာ ဆိုးဆိုးရွားရွား ထိခိုက်ခဲ့ကြောင်း သိရှိရသည်။ အဖြစ်ပျက်နှင့်ပက်သက်ပြီး ဒေသခံအစိုးရက အထူးအဖွဲ့ဖွဲ့ကာ စုံစမ်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

 


13 Sep 2017     1,531 Views




RELATED

Most Popular of Special or Others

Most Popular of NEWS