နေတိုး၏ငယ်ဘဝအတွက် ကလေးသရုပ်ဆောင် အမြွှာညီကို နှစ်ဦးလိုအပ်နေ
14 Sep 2017 1,536 Views

7th Sence Production နှင့် Story Book Production တို့ ပူးပေါင်းရိုက်ကူးမည့် ရုပ်ရှင်ဇာတ်ကားတစ်ကားတွင် အကယ်ဒမီနေတိုး၏ ငယ်ဘဝနေရာက သရုပ်ဆောင်နိုင်မည့် ကလေးသရုပ်ဆောင် အမြွှာညီအစ်ကို နှစ်ဦးရှာဖွေနေကြောင်းသိရှိရသည်။
“သိပ်မကြာခင် Production နှစ်ခု ပထမဦးဆုံးအကြိမ် ပူးပေါင်းရိုက်ကူးမယ့် ရုပ်ရှင်ဇာတ်ကားကြီ:မှာ အမြွှာညီအစ်ကိုနှစ်ယောက် လိုအပ်နေလို့ ဖိတ်ခေါ်တာပါ။ ဘယ်သူမဆို လာပြီးတော့ လျှောက်ထားနိုင်ပါတယ်” ဟု Myanmar Media 7 မှ ဥက္ကဋ္ဌ ဦးဝေမင်းမောင်က ပြောကြားသည်။
“မုန်းစွဲ”ဟု အမည်ပေးထားသော အဆိုပါရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ သြရသ က ရိုက်ကူးပုံဖော်မည်ဖြစ်ပြီး နေတိုးနှင့် အခြားသရုပ်ဆောင်များစွာတို့ ပါဝင်ကြမည်ဖြစ်သည်။
သရုပ်ဆောင်အဖြစ် ယောက်ျားလေးအမြွှာ လျှောက်ထားလိုသူများသည် အသက် ၅ နှစ်မှ ၈ နှစ်တွင်း ဖြစ်ရမည်ဖြစ်ပြီး၊ ကိုယ်လုံးပြည့် ဓါတ်ပုံတစ်ပုံ၊ မျက်နှာအနီကပ် ပုံတစ်ပုံနဲ့အတူ စက်တင်ဘာ ၃၀ ရက်နေ့နောက်ဆုံးထားပြီး ရန်ကင်းမြို့နယ် ဘောက်ထော်ရပ်ကွက်ရှိ Myanmae Media 7 ရုံးခန်း သို့မဟုတ် [email protected] သို့ ပေးပို့လျှောက်ထားနိုင်ကြောင်း သိရှိရသည်။
သတင်းရင်းမြစ် - ဒီမိုကရေစီတူဒေး