BEC-TERO TV

ချုဆီ ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာ အဖြစ် ပထမဦးဆုံး ရိုက်ကူးပုံဖော်မည့် သရုပ်ဆောင် မင်းဦး

14 Sep 2017     1,799 Views


ပရိသတ်တွ အားပေးမှုကိုရရှိထားတဲ့  အကယ်ဒမီ သရုပ်ဆောင်မင်းဦးက လက်တလောမှာ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးမှုကို မပြုလုပ်ဘဲ ကိုယ်တိုင် ဒါရိုက်တာ အဖြစ် စတင် ရိုက်ကူးတော့မယ့် ပထမဦးဆုံး ပွဲ ဦးထွက်ရုပ်ရှင်ဇာတ်ကားကို ကျော်ထက်အောင်၊  မယ်လိုဒီ၊  အေးမြတ်သူ ၊ အိချောပို ၊ နန်းဆုဦး နှင့် မေ တို့ကို ရိုက်ကူးပုံဖော်မယ်လိုသိရပါတယ်။

ဒီဇာတ်ကား ရိုက်ကူးဖြစ်တာနဲ့ ပတ်သက်ပြီး ( ဒီဇာတ်ကားကိုတော့ ကျွန်တော် ကိုယ်တိုင် သရုပ်ဆောင်အနေ

 နဲ့ကော ဒါရိုက်တာ အနေနဲ့ကော လုပ်ဖို့ စီစဉ်ထားတာ အခုတော့ ဒါရိုက်တာ သီသန့်ဖြစ်သွားတယ်၊ အဓိ ကတော့ ဒီဇာတ်ကားမှာ ကိုယ် ပြချင်တဲ့ဇာတ်ကားရဲ့ အဓိပ္ပါယ်ကို ပြချင်ပါတယ်၊ ဒီဇာတ်ကားမှာ အက်ရှင် ပုံစံ တွေကို ဖြစ်စေချင်တယ် ) လိုပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံက ဆင်ဆာနဲ့ပတ်သက်ပြီး ( အဲတာကတော့ ဆိုတယ်ဘာလိုလဲ ဆိုတော့ဒီဇာတ်ကားမှာ အရမ်းကြမ်းတာတွေကိုတော့ သုံးဖြစ်မှာတော့မဟုတ်ဘူး၊ မြန်မာနိုင်ငံက ဒါရိုက်တာတွေကိုလဲ နားလည်ပါတယ်၊ ကိုယ်ဖန်တီးထားတဲ့ အနုပညာတစ်ခုက လုပ်ပြီးမှာ ဆင်ဆာ နဲ့အဆင်မပြေလိုဖျက်လိုက်ရတယ်ဆိုရင်ကိုပဲ ခံစားရခက်တယ်။ ကျွန်တော်အခုရိုက်မယ့်ဇာတ်ကားမှာ အက်ရှင် တွေကိုလဲ အနည်းငယ်ထည့်သွားမှာပါ ) လိုသရုပ်ဆောင် ဒါရိုက်တာ မင်းဦးကပြောပါတယ်။


14 Sep 2017     1,799 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment