BEC-TERO TV

ယောက်ျားတစ်ယောက်ကို အားကိုးစရာမလိုတဲ့အတွက် အိမ်ထောင်ထပ်ပြုမှာ မဟုတ်တော့ဘူး

14 Sep 2017     1,330 Views


သရုပ်ဆောင် ခင်သဇင်က ကိုယ့်အနာဂတ်ကို ကိုယ်ပဲပိုင်ဆိုင်ချင်တော့တဲ့အ
တွက် နောက်ပိုင်းမှာ အိမ်ထောင်ထပ်ပြုတော့မှာမဟုတ်ဘဲ တစ်ယောက်တည်းပဲ နေသွားဖြစ်တော့မယ်လို့ ဆိုပါတယ်။


"တစ်ယောက်တည်းပဲ နေသွားမယ်ဆိုတာက ချစ်သူမထားတာမျိုးတော့ မဟုတ်ဘူး။ အိမ်ထောင်ထပ်မပြုတာကိုပြောတာ။ ချစ်သူက ရှိရင်လည်း ရှိလာမယ်။ မရှိရင်လည်း မရှိလာဘူးပေါ့။ ဒါကြီးကို အတင်းအကျပ် ကိုယ့်နှလုံးသားကို တံခါးပိတ်ပြီး နေရလောက်တဲ့အထိလည်း အသည်းမမာဘူး။ သဇင်က အိမ်ထောင်မပြုတော့ပဲ နေသွားဖြစ်တော့မယ်ထင်တယ်။ သဇင့်အနေအထားက ယောက်ျားတစ်ယောက် မလိုအပ်တော့ဘူး။ အားကိုးစရာလည်း မလိုအပ်ဘူး။ တအားမချမ်းသာရင်နေမယ်။ ကိုယ့်ကိုယ်ကိုယ် ခေတ်ပညာတတ်အောင်သင်တယ်။ ကိုယ်ပိုင်စီးပွားရေးရှိတယ်။ အနုပညာမောင်နှမတွေနဲ့ အနုပညာအသိုင်းအဝိုင်းရှိတယ်ဆိုတော့ ဇင့်အတွက်ကငွေက ယောက်ျားတစ်ယောက်ကို အားကိုးပြီး ယူရလောက်အောင် မလိုအပ်ဘူး။ တွေးကြည့်လို့ရတယ်။ ခန့်မှန်းကြည့်လို့ ရတဲ့အခါကျတော့ ဇင်လက်မထပ်ဖြစ်လောက်တော့ဘူး။ တစ်ယောက်တည်းပဲ နေသွားဖြစ်တော့မယ်။ အဲဒါမှ ကိုယ့်အနာဂတ်ကို ဇင် ကိုယ့်ဘာသာ ကိုယ်ပိုင်ချင်တယ်။ ဇင့်ရဲ့ အနာဂတ်က သူများပေါ်မှာမူတည်နေတာ၊ ဇင်မလိုချင်ဘူး။ ဇင်လုပ်ချင်တဲ့အလုပ်တွေကို အများကြီးရှိတယ်။ တိုင်းပြည်အတွက်၊ လူမျိုးအတွက်၊ ကိုယ့်မိသားစုအတွက်၊ ကိုယ့်ပတ်ဝန်းကျင်အတွက် အများကြီးရှိတဲ့အချိန်မှာ ဒါတွေအတွက်ကို ဇင့်စိတ်က အချိန်မပေးချင်တော့ဘူး" လို့ ပြောပါတယ်။


ခင်သဇင်က လတ်တလောမှာ ပရိသတ်တွေကို ကျေးဇူးဆပ်ဖို့အတွက် Mini Album သီချင်းခွေကို နိုဝင်ဘာလမှာထွက်ရှိဖို့စီစဉ်နေပြီး ရရှိတဲ့အကျိုးအမြတ်တွေကို လှူဒါန်းသွားမှာဖြစ်ကြောင်းပြောပါတယ်။

မူရင်းသတင်း - ပေါ်ပြူလာ

 


14 Sep 2017     1,330 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment