BEC-TERO TV

နည်းလမ်းမှန်စနစ်တကျနှင့်ဆေးသောက်ခြင်း

10 Jun 2015     1,469 Views


လူတွေနာမကျန်းဖြစ်တဲ့အချိန်မှာ ပျောက်ကင်းအောင်လုပ်ပေးနိုင်တဲ့အရာကတော့ဆေးပဲဖြစ်ပါတယ်။ဆေးကိုသောက်တဲ့အခါမှာ အစာမစားခင်သောက်သင့်သလား ၊ အစာစားပြီးမှသောက်သင့်သလားဆိုတာကိုသိထားဖို့လိုအပ်ပါတယ်။ဆေးမှာဆိုရင် အလုံး၊ အရည် ၊ ထိုးဆေးဆိုပြီးတော့ပုံစံအမျိုးမျိုးရှိပါတယ်။
 
အဲ့လိုပုံစံအမျိုးမျိုးရှိတဲ့အတွက်ကြောင့်လည်း ဆေးအာနိသက်ရောက်မှုကလည်းတစ်ခုနဲ့တစ်ခုအနည်းငယ်ကွာခြားမှု ရှိပါတယ်။တစ်ချို့ဆေးတွေက အစာမစားခင် နာရီဝက် တစ်နာရီအလိုမှာ ကြိုပြီးတော့သောက်ပေးသင့်တဲ့ဆေးတွေရှိပါတယ်။
 
အစာအိမ်ထဲအစာလွတ်တဲ့အချိန်ဆေးရဲ့ဆုတ်ယူအားပိုကောင်းပါတယ်။ အစာအိမ်ရောဂါ ရှိသူတွေ ၊ အစာအိမ်နာ အူလမ်းကြောင်းမှာအနာရှိနေတဲ့သူတွေက ဆေးမခံပဲအစာစားလိုက်မယ်ဆိုရင် အစာအိမ်နဲ့အူနံရံအနာတွေကိုနိုးဆွသလိုဖြစ်ပြီးတော့ အစာအိမ်ပိုနာတာတွေ ၊ ဗိုက်ပိုအောင့်တာတွေဖြစ်တက်ပါတယ်။
 
တစ်ချို့ဆေးတွေကတော့ အစာစားပြီးမှသောက်သင့်ပါတယ်။ အဲ့ဆေးတွေကတော့ အကိုက်အခဲပျောက်ဆေးတွေနဲ့  အရိုးအဆစ်ကိုက်ခဲတာကိုလျော့ချနိုင်တဲ့ဆေးတွေပဲဖြစ်ပါတယ်။တစ်ချို့ဆေးတွေကိုတော့ ဆရာဝန်ရဲ့ညွန်ကြားချက်အတိုင်းသောက်သုံးပေးဖို့လိုအပ်ပါတယ်။တစ်ချို့ဆေးတွေကတော့အိပ်ရာမဝင်ခင်သောက်သင့်ပါတယ်။
 
ချောင်းဆိုးပျောက်ဆေး၊ စိုးရိမ်ပူပန်မှုကိုလျော့ချပေးတဲ့ဆေးတွေပဲဖြစ်ပါတယ်။အဲ့ဆေးတွေကသောက်ပြီးရင် လူကိုမူးဝေစေတာတွေ ၊ အိပ်ချင်စိတ်တွေ ဖြစ်ပေါ်စေပါတယ်။ တစ်ချို့ဆေးတွေကတော့ အကျိုးအာနိသင်ပိုပြီးရအောင်ဝါးစားပေးသင့်ပါတယ်။ဆေးသောက်ဖို့မေ့သွားခဲ့ရင်လည်း သတိရရခြင်းသောက်ပေးဖို့လိုအပ်ပါတယ်။
 
ဆေးတွေကဘေးထွက်ဆိုးကျိုးတွေများတဲ့အတွက်တစ်ခုနဲ့တစ်ခုအာနိသင်ကလည်းမတူတဲ့အတွက်ကြောင့်ဆေးကိုဆရာဝန်ရဲ့ညွန်ကြားချက်အတိုင်း ဆောင်ရန်ရှောင်ရန်တွေကို လိုက်နာပြီး အချိန်အတိအကျနဲ့သောက်သုံးပေးသင့်ပါတယ်။

10 Jun 2015     1,469 Views




RELATED

Most Popular of Health Fix

Most Popular of Life Style