BEC-TERO TV

ဟာရီကိန်းဟာဗီမုန်တိုင်းအပြီး တက္ကဆက်ကမ်းခြေတွင် ပေါ်လာသော ထူးဆန်းသည့် သတ္တဝါကြီး

14 Sep 2017     1,735 Views


ဟာရီကိန်းဟာဗီ မုန်တိုင်းရဲ့ ဒဏ်ကို လူများသာ ခံစားကြရသည်မဟုတ်ပဲ သမုဒ္ဒရာရေအောက် သတ္တဝါးကြီးများပါ ဆိုးရွားစွာခံစားခဲ့ရကြောင်း တက္ကဆက်ကမ်းခြေတွင် ပေါ်လာသော အမျိုးအမည်မသိ ထူးဆန်းသော ရေသတ္တဝါကြီးက သက်သေပြခဲ့သည်။


လွှသွားသဏ္ဍန် ချွန်ထက်သောသွားများနှင့် မျက်လုံးမပါရှိသော လုံးဝန်းရှည်မျောသော ခန္ဓာကိုယ်ရှိသည့် ရေသတ္တဝါကြီးတစ်ကောင်ကို National Audobon Society အဖွဲ့ဝင် Preeti Desai က ကမ်းခြေတွင် တွေ့ရှိခဲ့ခြင်းသည်။


အဆိုပါ သတ္တဝါကို အနီးကပ်စူးစမ်းလေ့လာခဲ့ပြီး မည်သည့်အမျိုးအမည်ဖြစ်ကြောင်း မတွေးတတ်သဖြင့် သတ္တဝါကြီး၏ ဓါတ်ပုံကို တွစ်တာပေါ်တင်ခဲ့ပြီး ဇီဝဗေဒပညာရှင်များထံ မေးမြန်းခဲ့သည်။ ဇီဝဗေဒပညာရှင်များက သူမ၏ မေးမြန်းချက်ကို ပင်လယ်မျှော့အနွယ်ဝင်ဖြစ်မည်ဟု ဖြေကြားခဲ့သော်လည်း တိတိကျကျဖြေကြားနိုင်ခြင်း မရှိခဲ့ကြပါ။



 


14 Sep 2017     1,735 Views




RELATED

Most Popular of Special or Others

Most Popular of NEWS