BEC-TERO TV

အမေရိကန်တွင် ဟာရီကိန်းမုန်တိုင်း(၂)ခုကြောင့် ပျက်စီးဆုံးရှုံးမှု ဒေါ်လာ ၂ ဘီလျံကျော်ရှိ

15 Sep 2017     1,419 Views


ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းအတွင်း အမေရိကန်နိုင်ငံကို ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ ဟာရီကိန်း မုန်တိုင်းအာမာနဲ့သြဂုတ်လကုန်ပိုင်းတုန်းကတိုက်ခတ်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်း ဟာဗေးတို့ကြောင့် ဖြစ်ပေါ်ခဲ့တဲ့ အပျက်အစီးတန်ဖိုးဟာ အမေရိကန်ဒေါ်လာ ၂ ဘီလျံကျော်အထိရှိတယ်လို့ မူဒီသုတေသနဌာနကထုတ်ပြန်တဲ့အချက်အလက်တွေ အရသိရပါတယ်။မုန်တိုင်းကြောင့်စီးပွားရေး လုပ်ငန်းတွေရဲ့ထွက်ကုန်တွေပျက်စီးတာ နောက်ထပ်ဒေါ်လာသန်း (၃၀)ကုန်နေပါတယ်။

ဟာရီကိန်းမုန်တိုင်းဟာဗေးနဲ့ဟာရီကိန်းမုန်တိုင်းအာမာတို့ ၀င်မတိုက်ခင် အမေရိကန်သမိုင်းမှာ အပျက်အစီးတန်ဖိုးအများဆုံးက (၂၀၀၅)ခုနှစ်က အမေရိကန်နိုင်ငံကို ၀င်တိုက်ခဲ့တဲ့ ဟာရီကိန်းမုန်တိုင်းကတ်ထရီနာဖြစ်ပြီး လက်ရှိအပျက်အစီးတန်ဖိုးက ကတ်ထရီနာ ကြောင့် ဖြစ်ခဲ့တဲ့ပျက်စီးဆုံးရှုံးမှု တန်ဖိုးနဲ့တူညီသွားပြီဖြစ်ပါတယ်။

အပျက်အစီးတန်ဖိုးကတော့ တက်္ကဆက်ပြည်နယ်အတွင်းက ရေနံသန့်စင်လုပ်ငန်းတွေနဲ့ခရီးသွားကဏ္ဍဘယ်လောက်မြန်မြန် ပြန်စနိုင်မယ်ဆိုတာနဲ့ သဘာဝဘေးဒဏ်အလွန်ပြန်လည်တည်ဆောက်ရေးအတွက် ပြည်ထောင်စု အစိုးရဘက်က ရန်ပုံငွေကို ဘယ်လောက်မြန်မြန်ချပေးနိုင်မယ်ဆိုတာတွေအပေါ် မူတည်နေတယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။ ဒါပေမဲ့လည်း လုပ်သားဈေးကွက်ပြုလွယ်ပြောင်းလွယ်မဖြစ်တဲ့ အနေအထားဟာ ဆောက်လုပ်ရေးလုပ်ငန်းမှာ ယိုယွင်းမှုဖြစ်နေစေလို့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းမှာ ပြဿနာရှိ လာနိုင်တယ်လို့ လေ့လာသုံးသပ်သူတွေက ဆိုပါတယ်။


15 Sep 2017     1,419 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS