BEC-TERO TV

ကျောက်ကပ်အစားထိုးကုသနေရတဲ့ အဆိုတော် ဆယ်လီနာဂိုးမတ်စ်

15 Sep 2017     1,631 Views


အဆိုတော် ဆယ်လီနာဂိုးမတ်စ် တစ်ယောက် ကျောက်ကပ်အစားထိုး ကုသမှုခံယူခဲ့ရကြောင်း စက်တင်ဘာလ ၁၄ ရက်နေ့က ထုတ်ဖော်ပြေကြားလိုက်ပါတယ်။


အသက် ၂၅ နှစ်အရွယ် ဆယ်လီနာက ဆေးရုံပေါ်မှာ သူမရဲ့ အခင်ဆုံးသူငယ်ချင်းဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် ဖရန်စီယာ ရေဆာ နဲ့ ဘေးချင်းကပ်ရပ် လူနာကုတင်တစ်လုံးစီပေါ်မှာ ရှိနေတဲ့ ဓါတ်ပုံကို သူမရဲ့ အင်စတာဂရမ်မှာ တင်ခဲ့ပြီး ကျောက်ကပ်လှူခဲ့တဲ့ သူမရဲ့ သူငယ်ချင်းကို ကျေးဇူးတင်စကား ဘယ်လိုပြောရမှန်းမသိအောင် ဖြစ်ခဲ့ရတယ်လို့ ရေးသားခဲ့ပါတယ်။


ဆယ်လီနာဂိုးမတ်စ် ဟာ ဒစ်စနေချန်နယ်က ထုတ်လွှင့်တဲ့ Wizards Of Waverly Place နဲ့ နာမည်ရလာပြီး ၂၀၁၅ ခုနှစ်က အဆိုတော် ဂျက်စတင်ဘီဘာနဲ့ ချစ်သူတွေဖြစ်ခဲ့ကြတဲ့အတွက် ပိုနာမည်ကြီးလာခဲ့သူဖြစ်ပါတယ်။

 


15 Sep 2017     1,631 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS