BEC-TERO TV

အလှမယ်တွေအတွက် trainer ကောင်းဖြစ်ချင်တဲ့ သျှား

15 Sep 2017     1,223 Views


Miss Universe Myanmar 2014 အလှမယ်တစ်ဦးဖြစ်တဲ့ သျှားထွဋ် ဟာ အရင်က အလှအပ မကြိုက်တဲ့ မိန်းကလေးတစ်ယောက်ကနေ အခုအချိန်မှာ  နိုင်ငံ့ဂုဏ်ဆောင်အလှမယ် လေးတစ်ဦးလဲ ဖြစ်နေပါပြီ ။

“သျှားဆိုတာ သာမာန်မိန်းကလေးပါ ။ ယောက်င်္ကျားလေးတစ်ယောက်လိုပဲ အလှအပကော မိတ်ကပ်ပြင်ရတာကောမကြိုက်ဘူး ။ အ၀တ်အစားကိုလဲ ကပိုကရိုဝတ်ရတာပဲ ကြိုက်တယ် ။ ဒီလိုမိန်းကလေးတစ်ယောက်က ခေါင်းပေါ်ကို crown ကြီးတခုရောက်လာတယ် ရောက်လာတဲ့ crown ကလဲတော်ရုံ crown မဟုတ်ဘူး ။ ကိုယ့်နိုင်ငံ ကို ကိုယ်စားပြုထားတဲ့ ကိုယ့်နိုင်ငံကို တစ်ဖက်တလမ်းကနေ ကျေးဇူးဆပ်လို့ရတဲ့ crown  တစ်ခုလည်းဖြစ်နေတော့ သျှား အစစအရာရာ ပြောင်းလဲခဲ့ရတယ် ။

ဥပမာ  ဖေ့စ်ဘုတ်မှာ status လေးတခုတင်တာက အစ ဂရုစိုက်ရတယ် ။သာမာန်လူတစ်ယောက် ဘ၀ဆိုရင် ကိုယ်ဘာပဲ ဖြစ်ဖြစ် ကိုယ်ဘယ်သူနဲ့ ရန်ဖြစ်ဖြစ် ကိုယ့်ကို ဘယိသူမှ ဂရုမစိုက်ဘူး ဒါပေမယ့် miss တစ်ယောက်ဖြစ်တဲ့ အတွက် မျက်လုံးတွေ အားလုံးက ကိုယ့်ကို ၀ိုင်းကြည့် နေကြတာပေါ့ ။ သျှား အခုချိန်မှာ Miss Universe Myanmar Organization နဲ့ပူးပေါင်းပြီး တော့ training တွေလည်းလုပ်နေပါတယ် ။ ဒါ့အပြင် Personal grooming training တွေလည်း လုပ်နေပါတယ် ။ သျှား trainer ကောင်းတစ်ယောက်ဖြစ်ချင်တယ် မြန်မာနိုင်ငံမှာ miss တွေများပေမယ့် အမြင်ကျယ်ဖို့အတွက် လိုနေတာတွေ ရှိတယ် ။ အဲ့ဒိလို မျိုးတွေ အတွက် ဝေမျှပေးချင်တယ် ။ အဲ့ဒိစိတ်နဲ့ trainer ကောင်းတစ်ယောက်ဖြစ်ချင်တယ်” ဆိုပြီးပြောထားပါတယ် ။

Credit:popular


15 Sep 2017     1,223 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment