BEC-TERO TV

မထက်နဲ့ပထမဆုံးဇာတ်လမ်းမှာ ဗီလိန်စစ်စစ်နေရာ ကပါဆိုတဲ့ အေးမြတ်သူ

15 Sep 2017     1,430 Views


ဆွဲဆောင်မှုအရမ်းရှိတဲ့ မင်းသမီး အဖြစ်နာမည်ကြီးတဲ့ အေးမြတ်သူဟာ Mrtv-4 ရဲ့ မိုးကောင်းကင်အိမ်မက်ကားမှာ ၀ါရင့်သရုပ်ဆောင် ထက်ထက်မိုးဦး နဲ့ အတူသရုပ်ဆောင်ထားတယ်လို့သိရပါတယ်။ ဒီကားလေးက ထူးခြားတယ် ကာရိုက်တာက အရမ်းကို အကျင့်စာရိတ္တမကောင်းတဲ့ ကိုယ်အောင်မြင်ဖို့အတွက် ချောက်တွန်းတက်တဲ့ ဘာမဆိုလုပ်တက်တဲ့ ကာရိုက်တာပါ ။ အဖြည် မထည့်ထားပဲ လုံးဝဗီလိန်နေရာကပါ ။ ကာရိုက်တာကတော့ ကြမ်းတယ်  တကယ်ကို စိတ်ပုတ်တဲ့ မိန်းမ ဇာတ်လမ်းတွဲဖြစ်နေတာရယ် ပရိတ်သတ် လက်ခံနိင်မလားဆိုပြီး လုပ်ကြည့်ချင်တာရယ်ကြောင့် ရိုက်ဖြစ်သွားတာပါ ။

မြန်မာနိုင်ငံ အနှံ့အပြားမှာလဲ ဇာတ်လမ်းတွဲတွေကို အားပြုပြီး ကြည့်လာကြပြီ ဆိုတော့ ကိုယ်လဲ လက်မလွှတ်ချင်ဘူး ။ ပြီးတော့ ကာရိုက်တာလဲ ဆန်းတယ် ။ second hero ဗန့်ပေါ့ ။ အလှုပ်ကာရိုက်တာလဲဖြစ်တယ် ဗန့်ဆိုပေမယ့် တအားကြမ်းတဲ့ဖက်မလုပ်ဖူးဘူး မင်းသမီးဆိုတော့ အဖြည်လေးတွေနည်းနည်းပါတယ် ဒီကားမှာက လုံးဝ အဖြည်မပါဘူး ။ကိုရိးယားကားတွေလိုပေါ့  အကျင့်ပုတ်စရာ မရှိ ရှာကြံအကျင့်ပုတ်နေတာပေါ့ ။ မထက် နဲ့ကလဲ သူကလုံးဝ ကိုယ့်ကိုသဘောမကျဘူး သူ့သားရဲ့ရည်းစားနေရာ ကပါ ။ မထက်က အရမ်းချစ်ဖို့ကောင်းတယ် သူရဲ့လှုပ်ရှားမှုတိုင်းက ချစ်စရာ ကောင်းပြီး သဘောတွေကျနေတာ” ဆိုပြီး ပြောသွားခဲ့ပါတယ် ။ 

credit:oasis


15 Sep 2017     1,430 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment