BEC-TERO TV

ဟိုတယ်များတွင် သမီးရည်းစားများ တည်းခိုခွင့်မပြုရန် ညွှန်ကြားချက်ထုတ်

18 Sep 2017     1,861 Views


မော်လမြိုင်မြို့ကဟိုတယ်တွေမှာ စီစီတပ်ဆင်ဖို့နဲ့ မလိုလားအပ်တဲ့ ပြဿနာတွေမဖြစ်စေဖို့ သမီးရည်းစားစုံတွဲတွေနဲ့ ခရီးသွားဧည့်သည်တွေကို ခေတ္တတည်းခိုခွင့်မပြုဖို့ ဟိုတယ်လုပ်ငန်းရှင် ၄၀ ကျော်ကို ညွှန်ကြားထားတယ်လို့ မော်လမြိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးကနေ သိရပါတယ်။

ဟိုတယ်မှာ အချိန်ပိုင်းလာရောက်တည်းခိုသူတွေဆီက အထောက်အထား (သို့မဟုတ်) နိုင်ငံသားစိစစ်ရေးကတ်ပြားကို သေချာစွာစိစစ်ပေးဖို့နဲ့ သမီးရည်းစားစုံတွဲတွေအတွက် မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ပေါ်စေဖို့၊ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတဲ့ ဆေးဝါးတွေ ရောင်းဝယ်တာတွေကို တားဆီးနိုင်ဖို့ ညွှန်ကြားထားတာလို့ ဆိုပါတယ်။

ခဏတာတည်းခိုခွင့် မပြုဘူး။ လာရင်လည်း မှတ်ပုံတင်ပါမှ လက်ခံရမယ်၊ လူငယ်စုံတွဲလမ်းမှားပေါ်မရောက်ဖို့၊ အရွယ်မတိုင်ခင်မှာ မလိုလားအပ်တဲ့ ရောဂါဆိုးတွေ၊ ကိုယ်ဝန်တွေလည်း ရနိုင်တယ်” လို့ အထွေထွေအုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက ပြောပါတယ်။


မွန်ပြည်နယ်ထဲက ဟိုတယ်လုပ်ငန်းရှင်တွေကို သက်ဆိုင်ရာတာဝန်ရှိသူတွေက သြဂုတ် ၃၁ ရက် ကတည်းက အသိပေးထားပြီး ညွှန်ကြားချက်တွေကို မလိုက်နာရင် ဥပဒေအရ အရေးယူသွားမယ်လို့ ဆိုပါတယ်။
မွန်ပြည်နယ်မှာ၂၀၁၇ ခုနှစ် ဟိုတယ်နဲ့ တည်းခိုးခန်း ၄၉ လုံးအထိရှိနေပြီး အခန်းပေါင်း ၁၆၈၈ ခန်းရှိတယ်လို့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှု ဦးစီးဌာနက သိရပါတယ်။

သတင်း −မဟာခေတ်သစ်မီဒီယာ

 


18 Sep 2017     1,861 Views




RELATED

Most Popular of Myanmar News

Most Popular of NEWS