BEC-TERO TV

ဇွတ်ကျားရုပ်ရှင်ဇာတ်ကား အထူးပြပွဲမှာ ပရိသတ်အားပေးမှုကိုရရှိခဲ့

18 Sep 2017     1,596 Views


ဒါရိုက်တာ ကိုဇော်အာရုဏ်ဦးရိုက်ကူးပုံဖော်ထားတဲ့ ဇွတ်ကျား ရုပ်ရှင်ဇာတ်ကား ကို ကျော်ရဲအောင်၊ မြင့်မြတ်၊ မိုးအောင်ရင်၊ ရဲလေး ၊ စိုးမြတ်သူဇာ၊ ခိုင်သင်းကြည်၊ အေးမြတ်သူ ၊ ပက်ထရစ်ရှာ နှင့်အတူ အခြားသရုပ်ဆောင် များစွာပါဝင်ခဲ့ပါတယ်။

ဒီဇာတ်ကား အထူး ပြပွဲကို ခိုင်သင်းကြည်ဈ ပက်ထရစ်ရှာ ၊ မြင့်မြတ် နှင့် ကိုဇော်အာရုဏ်ဦး တို့ တတ်ရောာက် ခဲ့ပြီး အထူပြပွဲကို စက်တင်ဘာလ ၁၇ ရက်နေ့ သမ္မတရုပ်ရှင်ရုံမှာကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

ဒီဇာတ်ကားက အနုပညာရှင် ပေါင်းများစွာပါဝင်တဲ့ ဟာသဇာတ်ကားတစ်ကားဖြစ်ပြီး စက်တင်ဘာလ လ နောက်ဆုံးအပတ်မှာ ရုံတင်ပြသမယ်လိုသိရပါတယ်။

ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး သရုပ်ဆောင်မြင့်မြတ်က ( ဒီဇာတ်ကားကို ကျွန်တ်ာတို့ ရိုက်ကူးတည်းက အမှတ် တရလေးတွေအများကြီးရှိပါတယ်၊ ဒီဇာတ်ကား ကို ကျွန်တ်ာတို့ ၂၀၁၆ တုန်းက ရိုက်ထားတာပါ၊ ဒီဇာတ်ကား အတွက် ကျွန်တော်တို့ အ၀တ်အစားပိုင်းတွေကို အဓိကထားရတယ်၊ ဘာလိုလဲ ဆိုတော့ ကျွန်တော်တို့ ရိုက် တဲ့အချိန်နဲ့ ဇာတ်ကား ပြတဲ့အချိန်က ၂ နှစ်ကျော်လောက်ကွာတယ် ၊ ဇာတ်ကားမှာ အသုံးပြုတဲ့ စကားအသုံး အနှုန်းတွေကိုအဓိကထား ဖန်တီးထားတဲ့ ဇာတ်ကား တစ်ကားဖြစ်တယ်လို ပြောပါတယ်။


18 Sep 2017     1,596 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment