BEC-TERO TV

အဆိုတော် ၂ယောက်နဲ့ ရုပ်ရှင်ကားကြီးရိုက်ထားတဲ့ဖွေးဖွေး

18 Sep 2017     1,579 Views


အကိတ်မင်းသမီးလေး ဖွေးဖွေးဟာ ကာရိုက်တာ ဆန်းဆန်းတွေ ရိုက်တဲ့ နေရာမှာလဲ ပီပြင်လှတဲ့ မင်းသမီး တစ်လက်ဖြစ်ပါတယ် ။ ဒီတခါမှာလဲ အဆိုတော် နှစ်ယောက်နဲ့ ရုပ်ရှင်ကားကြီး ရိုက်ထားပြန်ပါပြီ ။ ငါ့ကို မုန်းတဲ့မုန်းတိုင်း ဇာတ်ကားမှာ အဆိုတော် လွှမ်းပိုင် ၊ ရဲရင့်အောင် တို့နဲ့ အတူ သရုပ်ဆောင်ထားပါတယ် ။ BoBo Entertainment ကရိုက်ကူးထားပြီး မကြာခင် ရုံတင်ပြသတော့မှာလဲ ဖြစ်ပါတယ် ။

“ အဆိုတော် နှစ်ယောက်က မင်းသားအဖြစ် သရုပ်ဆောင်ထားတော့ ကာရိုက်တာ သင်ပေးရတာတွေတော့ ရှိပေမယ့် သူတို့က မဝေးပါဘူး ။ ပြောလိုက်ရင်လဲ သဘောပေါက်တယ် မုဒ်တွေ ဘာတွေနဲ့လည်း သရုပ်ဆောင်ကြတယ် ။ မျက်ရည်တု တောင်မသုံးဘူး  ။ အမှတ်တရ ကတော့ ဖွေး မရိုက်ဖူးတဲ့ love ဆင်းန်း တွေပါတယ် ။ တခါမှ အဲ့ဒိလို မရိုက်ဖူးဘူး ။ ရုံတင်တဲ့ အခါ ပရိတ်သတ်တွေ ဘယ်လိုပြောမလဲဆိုတာ ဖွေးရင်ခုန်ပြိးစောင့်နေပါတယ် ။ ဖွေးဆက်ပြီး ကြိုးစားနေပါတယ် ။ ဖွေး ကို အားပေးလို့ ဘယ်တော့မှ မျက်နှာ မငယ်စေရပါဘူး” ဆိုပြီးပြောသွားခဲ့ပါတယ် ။

Credit:popular


18 Sep 2017     1,579 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment