တရုပ်ရဲ့ ပထမဦးဆုံး မောင်းသူမဲ့ ဟယ်လီကော်ပတာ တိုက်ပွဲဝင်ရန် အသင့်ဖြစ်
18 Sep 2017 1,686 Views

တရုပ်နိုင်ငံက သူရဲ့ ပထမဦးဆုံး မောင်းသူမဲ့ ဟယ်လီကော်ပတာကို တိုင်ဂျင်းမှာ ကျင်းပပြုလုပ်တဲ့ ပြပွဲကြီးမှာ ပွဲထုတ်ခဲ့ပြီး နိုင်ငံခြားဝယ်လက်တွေကို အံ့အားသင့်စေဖို့ မျှော်လင့်ခဲ့ပါတယ်။
တရုပ်နိုင်ငံရဲ့ လေကြောင်းကုမ္ပဏီဖြစ်တဲ့ AVIC က အဆိုပါ ဟယ်လီကော်ပတာကို ထုတ်လုပ်ခဲ့တာဖြစ်ပြီး AV500W လို့ အမည်ပေးထားပြီး ကြာသပတေးနေ့က ကျင်းပပြုလုပ်တဲ့ စတုတ္ထအကြိမ်မြောက် ဟယ်လီကော်ပတာပြပွဲကြီးမှာ ပထမဆုံး ထုတ်ပြခဲ့တာလဲဖြစ်ပါတယ်။
အဆိုပါပြပွဲမှာ ဟယ်လီကော်ပတာ အစင်းပေါင်း ၄၀၀ ကျော်ပါဝင်ပြသခဲ့ပြီး AV500W က လူကြိုက်များတဲ့ ဟယ်လီကော်ပရာတွေထဲမှာ တစ်စင်းအပါဝင်ဖြစ်တယ်လို့ ဆိုပါတယ်။ တရုပ်ရဲ့ ဒရုန်းနည်းပညာနဲ့ အဆင့်မြင့် ထုတ်လုပ်ထားတဲ့ ၇.၂ မီတာ ရှည်လျားပြီး အလေးချိန် ၄၅၀ တင်ဆောင် ပျံသန်းနိုင်ပါတယ်။ တနာရီလျင် ကီလိုမီတာ ၁၇၀ နှုန်းနဲ့ အမြန်ဆုံး ပျံသန်းနိုင်ပြီး မီတာ ၄၀၀၀ ထိအမြင့်ဆုံး ပျံတက်နိုင်ကြောင်း သိရှိရသည်။
ရေဒါထိန်းကြောင်းမှုနှင့် ဝေဟင်မှ မြေပြင်ပစ် ဒုံးကျည်လေးစင်းနဲ့အတူ ကီလို ၁၂၀ အလေးချိန်ရှိတဲ့ လက်နက်တွေကိုလည်း သယ်ဆောင်နိုင်ပါတယ်။ သြဂုတ်လတွင်းက ပျံသန်းမှုနှင့် တိုက်ခိုက်နိုင်မှုများကို စစ်ဆေးအောင်မြင်ပြီးဖြစ်ပြီး ကမ္ဘာပေါ်က အကြမ်းဖက်မှုရန်စွယ်များအတွက် တိုက်ပွဲဝင်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ဟယ်လီကော်ပတာ အမျိုးအစားများကို ၂၀၁၈ ခုနှစ်အတွင်း အများအပြား ထုတ်လုပ်သွာမည်ဖြစ်သည်။