အပန်းဖြေငါးကန်အတွင်း ညစာအတွက် မိကျောင်းလွှတ်ထားသူ
18 Sep 2017 1,438 Views

တရုပ်နိုင်ငံ ချန်ဒူးမြို့ရှိ အပန်းဖြေရာ ငါးအလှမွေးကန်တစ်ခုအတွင်း ၁ မီတာခန့် အရှည်ရှိသော မိကျောင်းအရှင်တစ်ကောင် ကူးခတ်နေတာကို တွေ့ခဲ့ရတာကြောင့် အနီးနားပတ်ဝန်ကျင်တွင် နေထိုင်သူများ ပျာယာခတ်ကာ အထိတ်တလန့်ဖြစ်ခဲ့ကြသည်။
ထိုအချိန်တွင် လူတစ်ဦးရောက်လာပြီး ဘာမှမကြောက်ကြရန် အားလုံးကို နှစ်သိမ့်ကာ အဆိုပါမိကျောင်းကို သူထည့်ထားခဲ့ကြောင်း ရှင်းပြခဲ့သည်။ သူ၏မိတ်ဆွေ တစ်ဦးနှင့် ညစာ မိကျောင်းသား ချက်စားရန် ဝယ်လာခဲ့ခြင်းဖြစ်ပြီး ညနေကျမှ လတ်လတ်ဆတဆတ်ချက်လိုသောကြောင့် ရေကန်ထဲတွင် လာလွှတ်ထားခဲ့ကြောင်းရှင်းပြကာ လူများအန္တရာယ် မဖြစ်အောင် မိကျောင်း၏ ပါးစပ်ကို တိတ်နဲ့ စည်းနှောင်ထားကြောင်း ပြောပြသည်။
အဆိုပါလူမှုအဖွဲ့အစည်း၏ မန်နေဂျာဖြစ်သူက မိကျောင်းအား တိတ်ဖြင့် ပတ်ထားသော်လည်း လူအများလာရောက် အပန်းဖြေရာ ငါးကန်အတွင်း မိကျောင်းကို ထည့်မထားသင့်ကြောင်း ပြောကြားခဲ့သဖြင့် မိကျောင်းအား ပြန်လည်ဆယ်ထုတ်သွားခဲ့သည်။
တရုပ်နိုင်ငံတွင် မိကျောင်းသားစားခြင်းကို တရားဝင်ခွင့်ပြုထားပြီး ရှန်ယန်းမြို့၏ အရှေ့မြောက်ဘက်တွင် မိကျောင်းမွေးကန်များ ရှိသည်။ ငါးမွေးကန်အတွင်း ချက်စားရန် ထည့်ထားခဲ့သော် မိကျောင်းမှာ ၂ နှစ်သားအရွယ် ယိုးဒယားမိကျောင်းအမျိုးအစားဖြစ်ပြီး အန္တရာယ်ရှိသော မိကျောင်းလည်းဖြစ်သည်။
တရုပ်နိုင်ငံတွင် မိကျောင်းမွေးမြူရေးကန်များကို ခွင့်ပြုထားပြီး မိကျောင်းသားရေများမှ အမြတ်အစွန်းရရှိနေကြသည်။ မိကျောင်းသေဆုံးမှဒများရှိနေသော်လည်း တစ်ဖက်တွင် ကန်များအတွင်း ယိုးဒယားမိကျောင်း ပေါက်ဖွားမှုမှာ အရှေ့တောင်အာရှတစ်ခွင်တွင် ကောင်ရေ ခုနှစ်သိန်းကျော်ရှိကြောင်း သိရှိရသည်။