BEC-TERO TV

အကသင်တန်းဖွင့်မယ် ဂျင်းနီ

18 Sep 2017     1,286 Views


အနုပညာ လှုပ်ရှားမှုတွေ ပုံမှန်လေးလုပ်နေတဲ့ အဆိုတော်ဂျင်းနီဟာ Happy Birthday တေးစီးရီး MTV ထွက်ရှိဖို့ ကြိုးစားနေပြီး အကသင်တန်းဖွင့်လှစ်ဖို့ ပြင်ဆင်နေတယ်လို့လဲ သိရပါတယ် ။ “ဒိလကုန်မှာ အကသင်တန်းလေးတခုဖွင့်ဖို့ ကြိုးစားနေပါတယ် ။အားကစား နဲ့ ပတ်သတ်တဲ့ အကတွေပါမယ် ။ အကအားလုံးပေါင်း ၁၀ မျိုးလောက်ပါဝင်ပါမယ် ။မြန်မာ အက ကိုခေတ်ပေါ် music တွေနဲ့ ပေါင်းပြီးအကောင်းဆုံးလုပ်ချင်တာပါ ။ကလေးရော လူကြီးရော စိတ်ဝင်တစားနဲ့ လွယ်လွယ် ကူကူကနိုင်မယ့် ပုံမျိုးလေးတွေ ဖန်တီးထားပါတယ် ။  ပရိတ်သတ်ကိုလည်း ဖိတ်ခေါ်ပါတယ် ။ သင်တန်းအတွက် ပိုင်နိုင်တဲ့ ဆရာတွေလဲခေါ်ထားပါတယ်”လို့ သင်တန်းနဲ့ ပတ်သတ်ပြီးပြောထားပါတယ် ။

အချစ်ရေး နဲ့ ပတ်သတ်ပြီးတော့ အဓိကကတော့  ကိုယ့်ကိုလည်းတကယ်ချစ်ပြီးတော့ ကိုယ်ကလည်း တကယ်ချစ်ရမယ် ။ သူနဲ့ ကိုယ် ကြားထဲမှာ နားလည်မှု နဲ့တည်ဆောက်ထားတဲ့ အိမ်ထောင်လေးတစ်ခု ဖြစ်ချင်တယ် ။ တစ်ယောက်တည်းကပဲ ပေးနေရတာမျိုး ၊ တစ်ယောက်တည်းကပဲ ရတာမျိုး မဟုတ်ဘဲနဲ့ တစ်ယောက်ရဲ့ လိုအပ်ချက်ကို တစ်ယောက်က ဖြည့်ဆည်းမှုတွေနဲ့ လက်တွဲချင်တယ် ။ မင်္ဂလာဆောင်ကတော့ လိုတော့လိုပါသေးတယ်လို့ ပြောထားပါတယ် ။ 

credit:popular 


18 Sep 2017     1,286 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment