၆၅၀ အမြင့်ပေ ကရိန်းပေါ်မှ တွဲလွဲခိုကာ အသက်နဲ့ရင်းပြီး စွန့်စားပြခဲ့တဲ့ ဆယ်ကျော်သက်နှစ်ဦး
18 Sep 2017 1,936 Views
ယူကရိန်နိုင်ငံက ဆယ်ကျော်သက် လူငယ်နှစ်ဦးဟာ ဆိပ်ခံတစ်ခုပေါ်မှာ ဆောက်ထားတဲ့ ကရိန်းရဲ့ ထိပ်ဖျားကို လက်ဗလာ တက်ခဲ့ပြီးနောက် တွဲလောင်းခိုထားသည့် သည်းထိတ်ရင်ဖို စွန့်စားမှုများကို ဗီဒီယိုရိုက်ကာ အွန်လိုင်းပေါ်တင်ခဲ့ကြသည်။



Alexander Nomernoy နဲ့ Dmitry llchu တို့ ဒနီပါမြစ်အတွင်းက တံတားဆောက်နေသည့် ဆိပ်ခံကရိန်းဆီသို့ သွားရန် နံနက်စောစော အစောင့်များမနိုးသေးခင် လှေဖြင့် ကူးလာပြီးနောက် ကရိန်ပေါ်သို့ နှစ်ယောက်သား တက်ကာ မိုက်ရူးရဲဆန်သည့် ဗီဒီယို ရိုက်ကူးခဲ့ခြင်းဖြစ်သည်။








