နိုင်ငံတော်အတိုင်ပင်ပုဂ္ဂုလ် ဒ်ါအောင်ဆန်းစုကြည် ရဲ့ မိန့်ခွန်းကောက်နှုတ်ချက်
19 Sep 2017 1,364 Views

မြန်မာနိုင်ငံကနေ ထွက်ပြေးသွားတယ်ဆိုတဲ့ ဘင်္ဂလားဒေ့ရှ်ကို ရောက်နေသူတွေကို National Verification System နဲ့ ပြန်လည်အစစ်ခံပြီးရင် အချိန်မရွေးပြန်ခေါ်ပါမယ်လို့  နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ကုလအဖွဲ့ အစည်းပေါင်းစုံ၏ သတင်းများတွင် မြန်မာမှ ထွက်ပြေးလာသူ ၄ သိန်းကျော်ဟူ၍လည်းကောင်း၊ ၆ သိန်းကျော်ဟူ၍လည်းကောင်း၊ ၇၀၀၀၀ မှာ ကိုယ်ဝန်ဆောင်သည်များဟူ၍လည်းကောင်း လက်လွတ်စပါယ်ပြောဆိုမှုများ ရှိနေသည်။
National Verification System သည် နိုင်ငံသား ဖြစ်မြောက်မှုကို စနစ်တကျ အတည်ပြု စစ်ဆေးနေသော စနစ်တစ်မျိုးဖြစ်ပြီး ဘင်္ဂါလီများသည် မြန်မာနိုင်ငံသား မဖြစ်နိုင်ကြောင်းလည်း အတိအကျ ပြောနိုင်သည့်စနစ်မျိုးဖြစ်သည်။ ယင်းစနစ်ကို ဘင်္ဂါလီများဘက်ကလည်း ငြင်းဆိုနေကြပြီး နိုင်ငံတကာအသိုင်းအ၀ိုင်းကလည်း မျက်ကွယ်ပြုထားသည်။