BEC-TERO TV

ရုပ်ရှင် လုံးဝ မရိုက်ချင်တော့ဘူးလို့ပြောလာတဲ့ အူဝဲ

19 Sep 2017     1,343 Views


အကယ်ဒမီ အိနြေ္ဒာကျော်ဇင် ဟာ  သူမရဲ့ အကောင့်မှာ  status တစ်ခုကို ပြီးခဲ့တဲ့ ရက်ပိုင်းက တင်ထားခဲ့  ပါတယ် ။  “ အမှန်အတိုင်းဝန်ခံရရင်ကျွန်မရုပ်ရှင်လုံးဝမရိုက်ချင်တော့ပါ....

အခုလာဌားတဲ့ဇာတ်ကအရမ်းကောင်းတဲ့ဇာတ်တစ်ဇာတ်ပါ...ဆရာတော်ကြီးတစ်ပါးရေးတဲ့စာအုပ်တွေထဲကဖြစ်ရပ်မှန်ဇာတ်လမ်းတစ်ပုဒ်...လုပ်နိုင်ရင် အကယ်ဒမီမှန်းလို့ ရတဲ့ဇာတ်မျိုးပါ....

ဒါမဲ့ ပြင်ဦးလွင်မှာ တစ်လသွားရိုက်ရမယ်... တဲ့.....

သေချာသွားပြီ...မဖြစ်နိုင်တော့ပါ...နဂိုထဲကမှ ကားရိုက်ချင်စိတ်မရှိပါဘူးဆိုမှ ကလေးတွေထားပြီးနယ်မှာအကြာကြီးသွားရိုက်ရမယ်ဆိုတော့ ပိုသာဆိုးပေါ့....ဒီလိုအချိန်မှာကျွန်မကို ဇာတ်လမ်းကောင်းတွေကလဲမဆွဲဆောင်နိုင်တော့ပါဘူး...အကယ်ဒမီရုပ်တွေကလဲမဆွဲဆောင်နိုင်တော့ပါဘူး...အောင်မြင်ကျော်ကြားမှူတွေကလဲမဆွဲဆောင်နိုင်တော့ပါဘူး......

ကလေးတစ်ယောက်ရဲ့ အနာဂတ်ဟာ မိခင်တစ်ယောက်ရဲ့ ပဲ့ကိုင်မှုတွေနဲ့ အများကြီး သက်ဆိုင်တယ်လို့ ကျွန်မခံယူထားတဲ့အတွက်ကြောင့်ပါ” ဆိုပြီး ရေးသား ထားခဲ့ ပါတယ် ။ ထိုသို့ ရေးသားမှု အပေါ် ပရိတ်သတ်တွေက ၀မ်းနည်း သူတွေလည်း ရှိကြသလို ဝေဖန်သူတွေလည်း ရှိနေကြပါတယ် ။

 

ကလေးနှစ်ယောက်မိခင် ဖြစ်နေပြီဖြစ်တဲ့  အူဝဲဟာ  ပရိသတ်တွေကို ချစ်လို့ အနုပညာအလုပ်ကို ဆက်လုပ်နေပေမယ့် ကလေးကိုမခွဲနိုင်ဖြစ်နေတဲ့ မိခင်မေတ္တာစိတ်တွေနဲ့ ဒွိဟဖြစ်နေရပါတယ်။ သူမရုပ်ရှင်မရိုက်တာနဲ့ သူမကိုချစ်တဲ့ ပရိသတ်တွေ ဒုက္ခရောက်မသွားနိုင်ပါဘူးလို့လည်း ပရိသတ်တစ်ဦးရဲ့ ကောမန့်ကို ပြန်လည်ရေးသားထားတာကိုလည်းတွေ့ရပါတယ် ။

credit: eaindrar kyaw zin


19 Sep 2017     1,343 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment