BEC-TERO TV

ဂယက်ထသွားတဲ့ ထဘီကျွတ်၍လွှတ်လိုက်သည်ကိစ္စ ဒါရိုက်တာရှင်းလင်း

19 Sep 2017     1,571 Views


စာရေးဆရာမောင်သာရ၏ နာမည်ကြီးဝတ္ထုဖြစ်သော “ထဘီကျွတ်၍လွှတ်လိုက်သည်” ဇာတ်ကားကို ဒါရိုက်တာ ညီညီထွန်းလွင်က ကျော်ရဲအောင်၊ ဇေရဲထက်၊ ကျော်ကျော်၊ စိုးမြတ်သူဇာ၊ အိချောပိုတို့နှင့် ရိုက်ကူးပုံဖော်ထားခဲ့ပြီး ရုံတင်ပြသခါနီးတွင် ဆရာမောင်သာရ၏ ဆွေမျိုးများက မိသားစုထံ ခွင့်ပြုချက်မယူပဲ ရိုက်ကူးခဲ့သည် ဆိုသော ဝေဖန်မှုများ ပေါ်ထွက်လာခဲ့သည့်အပေါ် ဒါရိုက်တာ ညီညီထွန်းလွင်မှ ပြန်လည်ရှင်းလင်းခဲ့သည်။

ဇာတ်ကားရိုက်ကူးဖို့ စီစဉ်တာက ၂၀၁၅ ခုနှစ် ပေါ့။ မြန်မာပြည်မှာ ရုပ်ရှင်ရိုက်ကူးရင် ၂ နှစ် ၃ နှစ်အချိန်ကြာတယ်။ အခုရုံတင်ပြသခါနီးကျမှ ရောမောင်သာရရဲ့ သားသမီးမြေးမြစ်တွေက သူတို့အဘိုးဆုံးပြီးသွားမှ ရိုက်ကူးတယ် ထင်တာ။ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂ နှစ်ကျော် ၃ နှစ်ကတည်းက အမေရိကားမှာ ဆရာ့ဆီကို ဒေါ်လာနဲ့ပေးဝယ်ပြီး ရိုက်ကူးခဲ့တာပါ။ အဲဒီတုန်းက ဆရာကိုယ်တိုင်ခွင့်ပြုတယ်၊ ဆရာ့ကိုယ်စား ဆရာဦးဝင်းငြိမ်းက လက်မှတ်ထိုးပေးတယ်။ ဆရာဦးဝင်းငြိမ်းကပဲ ဝယ်ပေးရတာ။ ဒါကိုဆရာ့ရဲ့ သားသမီးမြေးမြစ်တွေက မသိခဲ့တာပါ” ဟု ရှင်းလင်းခဲ့ပါတယ်။

အဆိုပါဇာတ်ကားကို ဆရာမောင်သာရ၏ ဝတ္ထုမပျက်ဆီးအောင် ဆန်းသစ်ပြီး ရိုက်ကူးထားခြင်းမရှိသော်လည်း အချို့ဇာတ်ဝင်ခန်းများတွင် ခေတ်နဲ့လျော်ညီအောင် သီချင်းအပြောင်းအလဲများနဲ့ နောက်ခံဒေသပုံရိပ် အပြောင်းအလဲလေးများသာ လုပ်ထားပြီး မူရင်းဇာတ်လမ်းအတိုင်း ပုံဖော်ထားကြောင်း ဒါရိုက်တာ ညီညီထွန်းလွင်မှ ပြောကြားခဲ့သည်။
“ထဘီကျွတ်၍လွှတ်လိုက်သည်” ရုပ်ရှင်ဇာတ်ကားကို လာမည့် စက်တင်ဘာ ၂၂ ရက်နေ့တွင် ရုံတင်ပြသတော့မည်ဖြစ်သည်။

သတင်းကိုးကား - ပေါ်ပြူလာ
 
 


19 Sep 2017     1,571 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment