BEC-TERO TV

ရည်းစားဟောင်းကို ထိခိုက်မယ့်စာတွေ မရေးစေချင်ဘူးလို့ပြောလိုက်တဲ့ ဆုအိမ်စံ

19 Sep 2017     1,870 Views


လူမှုကွန်ယက်မှာ ပျံ့နှံ့နေတဲ့ မင်းသမီးလေး ဆုအိမ်စံ နဲ့ သူမ ရဲ့ ချစ်သူဟောင်း နဲ့ ပတ်သက်တဲ့ သတင်းတွေကို  ဆုအိမ်စံ က သူမရဲ့ အကောင့်မှာ အခုလိုပဲ ဖြေရှင်းလိုက်ပါတယ်  “ ပြီးခဲ့တာတွေလည်းပြီးခဲ့ပြီ ဘယ်သူ့ကိုမှမထိခိုက်ချင်ပါဘူး သူနဲ့ချစ်ခဲ့တုံးက သူလည်းအကောင်းဆုံး ချစ်ခဲ့သလို
ကိုယ်လည်း အကောင်းဆုံးချစ်ခဲ့တယ် တခါတလေမှာ ဆုဆုတို့လွန်ခဲ့တာတွေလည်းရှိပါတယ် ဆုဆုမောင်နှစ်
ယောက်ငဆိုးလေးတွေလည်းဂရက်ကထသေးတယ် သူလည်းသည်းခံရှာပါတယ်သူဆုဆုကိုတကယ်ချစ်တယ်ဆိုတာလည်းသိပါတယ် ဒီကိစ္စမှာသူလည်းမမှားသလို ကိုယ်လည်းမမှားခဲ့ပါဘူး သူကကြားထဲမှာမြေဇာပင်ဖြစ်ခဲ့ရှာတယ် သိန်း၁၀၀ကလည်းသူ့အတွက်လည်းပါသလိုဆုဆုမောင်တွေအတွက်လည်းပါပါတယ် ဆုဆုမောင်တွေအလေမလိုက်အောင် အရင်းအနှိးထောင်ပေးတာပါ သူ့ကိုဒီထက်ပိုပြီးတိုးတက်စေချင်တယ် တွဲခဲ့တဲ့တလျောက်လုံးဆုဆုသစ္စာရှိရှိ ချစ်ခဲ့တာအမှန်ပါ ။

သူလည်းသစ္စာတော့ရှိပါတယ် ဒါပေမဲ့လည်း ဖောက်တာလေးတွေရှိခဲ့တယ် 
လက်တွဲဖို့မဖြစ်တော့လို့လမ်းခွဲခဲ့တာပါ... ဒါတွေလည်းပုံကြီးချဲ့ပြီးမပြောတော့ပါဘူး ... သူလေးလည်းအေးအေးချမ်းချမ်းနဲ့ ဘဝမှာတိုးတက်အောင်မြင်ပါစေ သူလည်းဆုဆုပျော်နေတာမြင်ရင်ပျော်နေသူပါ ဆုဆုလည်းသူအဆင်ပြေတာမြင်ရင်ပျော်နေမှာပါ ...အခုအားလုံးအေးဆေးပါပဲ သူကိုထိခိုက်စေမဲ့ စာတွေမရေးစေချင်ဘူး ... ဘာလို့လဲဆိုတော့သူလည်းမှန်နေလို့ပါ” ဆိုပြီး သူမရဲ့ အကောင့်မှာ ဖြေရှင်းထားပါတယ် ။

credit: su eain san


19 Sep 2017     1,870 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment