BEC-TERO TV

အိမ်ဆိုင်ဖွင့်ပြီး ဝမ်းရေးအတွက် ရုန်းကန်နေရတဲ့ ဦးမန်းဝင်း

19 Sep 2017     1,272 Views


ဆီးချိုရောဂါဝေဒနာခံစားနေရတဲ့ လူရွှင်တော်ကြီးဦးမန်းဝင်းက ဆီးချိုရောဂါ အတွက် ဆေးဝါးတွေသောက်သုံးနေရရင်းနဲ့ ကျောက်ကပ်ကျို ̧လာတာကိုပါခံစား လာရပြီး အခုလက်ရှိအချိန်မှာတော့ ကျောက်ကပ်ဆေးနေရတယ်လို့ သိရပါတယ်။


"ဦးမန်းက ကုသိုလ်ကံကောင်းပါတယ်။ လူရွှင်တော်အဖွဲ့ကလည်း တစ်နှစ် တစ်ခါ ကန်တော့တယ်။ ကျောက်ကပ်ဆေးဖို့အတွက် ရာသက်ပန်အလှူရှင်တွေရှိတယ်။ ပြီးတော့ ဆေးဝါးအတွက်ကျတော့လည်း ရုပ်ရှင်မင်းသမီး ပိုင်ဖြိုးသုတို့မိ သားစုက ရာသက်ပန်အလှူရှင်ပေါ့။ သူတို့ကိုလည်း ကျေးဇူးတင်ပါတယ်"လို့ သူ့ ရဲ့ ရောဂါနဲ့ပတ်သက်ပြီး ဦးမန်းဝင်းကပြောပါတယ်။


လက်ရှိအချိန်မှာတော့ ဦးမန်းဝင်းကို ဇာတ်ကားရိုက်ကူးမှုတွေအတွက် လာရောက်ခေါ်ယူကြတော့ ခြင်း မရှိတော့တဲ့အတွက် သူ့အနေနဲ့ အိမ်မှာ အိမ်ဆိုင်လေးဖွင့်လှစ်ထားပြီး ဝမ်းရေးအတွက် ဖြေရှင်းနေရ တယ်လို့ ပြောပြပါတယ်။
"မခေါ်ဘူးဆိုတာကလည်း ဒါကစီးပွားရေးကိစ္စပဲလေ။ ဦးမန်းက ဒါကိုစိတ်ဆိုးလို့မရဘူးလေ။ ဦးမန်းက အလုပ်မရှိရင် မနေတတ်တဲ့အခါကျတော့ အိမ်ရှေ့မှာ လက်ဖက်ခြောက်၊ ထီး၊ ပြီးတော့ ဦးမန်းအမျိုးသမီး ကိုယ်တိုင် ချည်ထိုးလုပ် ပိုက်ဆံအိတ်လေးတွေ ထိုင်ရောင်းနေရတာပေါ့။ တစ်နေ့တစ်နေ့လည်း ရောင်းရတဲ့ နေ့ရောင်းရတယ်။ တစ်ခါတစ်လေလည်း ဈေးဦးတောင်မပေါက်ဘူး။ အဆင်မပြေပါဘူး။ အလှဖျူရှင်တွေရှိလို့ ပေါ့။ အလှဖျူရှင်တွေသာမရှိရင် ဦးမန်းကိုတွေ့မြင်ရတော့မှာမဟုတ်ဘူး။ အခုလောက်ဆို အရိုးဆွေးနေ လောက်ပြီ။ ဘယ်လိုလုပ် အဆင်ပြေမှာလဲကွယ်။ လက်ဖက်ခြောက်တစ်ထုပ်မှ ကျပ်၂၀၀၊ သုံးထုပ်မှ ၅၀၀ လေ၊ ဆိုင်ကသေးတော့ ဈေးဦးကလည်းမပေါက်ဘူး"လို့ သူ့ရဲ့လက်ရှိစီးပွားရေးနဲ့ပတ်သက်လို့ ဦးမန်းဝင်း ကပြောပါတယ်။


လူရွှင်တော်ကြီး ဦးမန်းဝင်းက လူရွှင်တော်သက်ကြီးပူဇော်ပွဲကို တက်ရောက်ကန်တော့ခံခဲ့ပြီး သူ့အနေ နဲ့လည်း လူငယ်လူရွှင်တော်တွေရဲ့ သိတတ်မှုအပေါ် ပီတိတွေဖြစ်နေတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။


"ဦးတို့ရဲ့အသက်တွေက မီးစာကုန်ဆီခန်းဖြစ်နေပြီလေ။ ရေတွင်းထဲမှာကျနေတဲ့ဖားလေးကို အပေါ်ကို ဆွဲတင်လိုက်သလိုပါပဲ။ ဝမ်းလည်း၊ဝမ်းသာတယ်။ ဦးတို့ခေတ်ကာလတုန်းက ပရဟိတဆိုတာလည်း မရှိဘူး၊ ကူညီပံ့ပိုးမှုတွေကလည်းရှားတယ်။ အခုလူငယ်လေးတွေက သူတို့အင်အားနဲ့ လုပ်ဆောင်နေကြတာဆို တော့ ဝမ်းသာမိတယ်"လို့ ပြောပါတယ်။

သတင်းရင်းမြစ် - ပေါ်ပြူလာ
ဓါတ်ပုံ - မိုမိုလေးတီဗီ
 


19 Sep 2017     1,272 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of NEWS