BEC-TERO TV

ပရိတ်သတ်တွေ မြင်ချင်တဲ့ မိသားစုဘ၀လေးတည်ဆောက်ဖို့နီးစပ်လာပါပြီ ဆိုတဲ့နေတိုး

19 Sep 2017     1,302 Views


ပြည်သူ့ အချစ်တော် အကယ်ဒမီ နေတိုးဟာ အခုအချိန်ထိ လူပျိုကြီး လုပ်နေတာ အသက် ၃၆ ပြည့်သွားပြီလဲဖြစ်ပါတယ် ။ ပရိတ်သတ်တွေစောင့်မျှော်နေကြတဲ့ နေတိုး ရဲ့ မင်္ဂလာ သတင်းဟာလဲ နီးကပ်လာပြီလို့ ပြောထားပါတယ် ။ “မိသားစု life လေးကတော့ ကျွန်တော့ အနေနဲ့ ဒီတစ်နှစ် ၊ နှစ်နှစ် အတွင်းမှာ မြင်တွေ့ဖို့ ရာခိုင်နှုန်းနီးစပ်လာပြီလို့ပြောရမှာပါ ။ Post Prodution လည်းလုပ်နေတယ် ။ အဲ့ဒိဘက်မှာရော စတူဒီယို တည်ဆောက်တဲ့ အပိုင်းမှာရော ကိုယ်တိုင်ကိုယ်ကျ ဖိဖိစီးစီး လေးပါဝင်ရမယ့် နှစ်တစ်ခု လဲဖြစ်နေတယ် ။

ဒီနှစ်ကတော့ အနုပညာ နဲ့ပတ်သတ်ပြီး အာရုံစူးစိုက်မှုပိုပြီးတော့များနေတဲ့ နှစ်တစ်နှစ်လို့ သုံးသပ်မိတယ် ။ အချစ်ရေးနဲ့ ပတ်သတ်ပြီးတော့ နှလုံးသားကို အဓိက ရာခိုင်နှုန်းအများကြီးဆုံးဖြတ်ဖို့များပါတယ် ။ ကိုယ်နဲ့ တစ်သက်လုံး အတူနေရမယ့် ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကို ကိုယ့်ရဲ့ နှလုံးသားနဲ့ တကယ် မေတ္တာမျှပြီး ချစ်တဲ့ လူကိုပဲ ရွေးချယ်သွားမှာပါ” လို့ပြောထားပါတယ် ။ 

credit:popular


19 Sep 2017     1,302 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment