BEC-TERO TV

Heavy Drama တွေကိုကြိုးစားချင်တယ်တဲ့ သရုပ်ဆောင်သစ် ချမ်းမင်းရဲထွဋ်

20 Sep 2017     1,291 Views


ည ရုပ်ရှင်ဇာတ်ကား မှာ ပထမဆုံး ပါဝင်သရုပ်ဆောင် ထားတဲ့ မင်းသားသစ်  ချမ်းမင်းရဲထွဋ် ကို ဗီလိန်ဇာတ်ရုပ်နေရာကနေ မြင်တွေ့ခဲ့ရပြီး မိန်းကလေး ပရိတ်သတ်တွေရဲ့ သဲသဲလှုပ်လဲ ဖြစ်ခဲ့ပါတယ် ။ ညကားမှာ ကြိုးစားခဲ့ရကျိုးလဲ နပ်ခဲ့တယ်လို့ ပြောထားပါတယ် ။

လက်ရှိမှာတော့ ကြော်ငြာတွေ၊ ပြက္ခဒိန်တွေ အတွက် ဓာတ်ပုံရိုက်ကူးမှုတွေ ပြုလုပ်နေပါတယ် ။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သတ်ပြီး အနုပညာ လှုပ်ရှားမှုတွေကို ဖြည်းဖြည်းနဲ့ မှန်မှန် လုပ်သွားမယ်လို့ ပြောထားပါတယ် ။

“ ကျွန်တော် သရုပ်ဆောင် မလုပ်ခင်က ဦးကျော်ဟိန်း ၊ ကိုသားကြီး တို့ကို အရမ်းကြိုက်တယ် ။ သရုပ်ဆောင်ဖြစ်လာတော့ အားလုံးကို ပိုပိုပြီး လေးစားလာတယ် ။ သရုပ်ဆောင် ရင်လည်း စိတ်နှစ်ပြီး ကြိုးစားရမယ်ဆိုတာကို သိလာတယ် ။ ဒီဘက်ခေတ်မှာ ပရိတ်သတ်က အမြင်ကျယ်ပြန့်လာ ကြပြီဆိုတော့ ပရိတ်သတ်ကို လိမ်လို့ မရတော့ဘူး ။ ဇာတ်ကားတွေ ကြည့်ပြီး ပရိတ်သတ်တွေ က သရုပ်ဆောင်တွေကို ဆုံးဖြတ်ပေး လာနိုင်ပြီ ။ ကျွန်တော် ကိုယ်တိုင်လည်း ၀မ်းစာ ဖြည့်နေဆဲပါ ။ ဖြည်းဖြည်း နဲ့ မှန်မှန် ကြိုးစားနေပါတယ် ။ သရုပ်ဆောင်ခွင့်ရမယ်ဆိုရင် Heavy Drama လိုမျိုးတွေ ကြိုးစားကြည့်ချင်ပါတယ်” ဆိုပြီးပြောသွားခဲ့ ပါတယ် ။

credit:popular


20 Sep 2017     1,291 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment