BEC-TERO TV

ဆီးစပ်မွှေးကို နှုတ်ပြီး မိန်းကလေးခေါင်းပေါ် ကျဲချခဲ့တဲ့ ဂျပန်အမျိုးသား (ရုပ်သံ)

20 Sep 2017     1,550 Views


ဂျပန်နိုင်ငံရဲ့ ရထားပေါ်က ခိုင်ခုံမှာ အိပ်ပျော်ရင်းလိုက်ပါလာတဲ့ အမျိုးသမီးတစ်ဦးရဲ့ နံဘေးနားမှာ သက်လက်ပိုင်း အမျိုးသားတစ်ဦးကလည်း ထိုင်လျက်လိုက်ပါလာပါတယ်။

သိပ်မကြာခင်မှာပဲ အမျိုးသားက သူ့ရဲ့ ဘောင်းဘီဇစ်ကို ဖြုတ်ကာ ဆီးစပ်မွှေးကို ဆွဲနှုတ်လိုက်ပါတယ်၊ ပြီးနောက် ဘေးဘီဝေ့ကြည့်လိုက်ပြီး လက်ထဲက ဆီးစပ်မွှေးကို ဘေးနားက အိပ်ပျော်နေတဲ့ မိန်းကလေးရဲ့ ခေါင်းပေါ်ကို ပစ်တင်လိုက်ပါတယ်။ ဒီလိုအပြုမူကို တစ်ကြိမ်မျှမကပဲ ပြုလုပ်နေတာကို မျက်နှာချင်းဆိုင်မှာ လိုက်ပါလာတဲ့ သူတစ်ဦးက ဖုန်းနဲ့ ဗီဒီယိုမှတ်တမ်းတင်ခဲ့ပြီးနောက် သူရဲ့ တွစ်တာအကောင့်မှာ တင်လိုက်တဲ့အခါမှာတော့ ဂျပန်အွန်လိုင်းသုံးသူများကြား ဝေဖန်သံတွေ ဆူညံစွာပေါ်ထွက်လာခဲ့ပြီး အဆိုပါ ဗီဒီယိုကို တွစ်တာမှာ ပြန်လည်ဝေမျှမှု ငါးသောင်းကျော်ရှိခဲ့ပါတယ်။


 


20 Sep 2017     1,550 Views




RELATED

Most Popular of Special or Others

Most Popular of NEWS