BEC-TERO TV

Model Agency ဖွင့်လိုက်တဲ့ အလှမယ် ထက်ထက်ထွန်း

20 Sep 2017     1,454 Views


Miss Universe Myanmar 2016 အလှမယ် ထက်ထက်ထွန်း ဟာ စက်တင်ဘာ  ၉ Model Museum  Myanmar Model Agency and Training School ကို သင်္ကန်းကျွန်းမှာ ဖွင့်လှစ်ခဲ့ပြီး ပထမဆုံး လာအပ်တဲ့ ၉ယောက်ကို 50% သင်တန်းကြေးတွေလဲလျှော့ပေးခဲ့ပါတယ် ။

“ထက်မော်ဒယ် လုပ်လာတဲ့ သက်တမ်းတစ်လျှောက်မှာ ထက်ရဲ့ စိတ်ကူးယဉ် အိမ်မက်တစ်ခုပေါ့ ။ တစ်နေ့ကျရင် သင်တန်းလေးဖွင့်ပြီး ထက်လိုပဲ ၀ါသနာ ပါတဲ့ ၀ါသနာရှင်တွေ အတွက် လမ်းကြောင်းမှန်လေး တစ်ခု ကိုယ်ကနေ supporting လေးလုပ်ပေးချင်တယ် ဆိုတဲ့ ရည်ရွယ်ချက် နဲ့ လုပ်ဖြစ်သွားတာပါ ။ အခုချိန်မှာ ထက်လည်း ထိုက်သင့်တဲ့ အနုပညာဝမ်းစာတွေလည်း ရှိလာပြီ ။ Image တစ်ခုလည်းရှိလာပြီ ကိုယ့်ကိုကိုယ် ယုံကြည်လာတဲ့ အတွက် ဒီသင်တန်းလေးကို လုပ်ဖြစ်သွားတာပါ” လို့ ပြောထားပါတယ် ။

သင်တန်းမှာ course နှစ်ခုခွဲထားပါတယ် ။ မော်ဒယ်တွေ Mister တွေ Miss တွေ ဖြစ်ချင်တဲ့ သူတွေမှ မဟုတ်ဘူး သာမာန်လူတွေ ရုံးသမားတွေ ၀န်ထမ်းတွေ အားလုံးအတွက် သူတို့ ရဲ့ နေ့စဉ် လုပ်ငန်းခွင် မှာ စမတ်ကျကျ နဲ့ နေထိုင်သွားလာမှု ပုံစံတွေ ၊ သားသောက်ပုံ ၊ ၀တ်စား ဆင်ယင်ပုံတွေ ၊ အဲ့ဒါတွေ အကုန်ကို သင်ကြားပေးမယ့် course တစ်ခု ၊ ဒီ အတွက် သင်တန်းကြေးက တစ်သိန်း ယူပါတယ် ။  Modeling နဲ့ ပတ်သတ်တဲ့ အပိုင်းလေး Mister , Miss တွေ အတွက် cat walk ပိုင်းတွေ တခြား ဖိုတိုရှုတင်ပိုင်းတွေပါမယ့်ပေါ့နော် ။ ဒါကိုလည်း သင်တန်းကြေး တစ်သိန်းယူပါတယ် ။ စက်တင်ဘာ တတိယ အပတ်လောက်မှာ စဖွင့်သွားမှာပါ ။ နောက် တစ်နှစ် တစ်ကြိမ်ကို သင်တန်းသား ၊ သင်တန်းသူတွေ ယှဉ်ပြိုင်ဖို့ အတွက် Mister & Miss  Museum ပြိုင်ပွဲလေးလဲ လုပ်ပေးသွားဦးမှာပါ ။ ထက်တို့ ရဲ့ Brand Ambassadors အနေနဲ့ Mister Miss တွေ မွေးထုတ်သွားဦးမှာပါ” ဆိုပြီး ပြောထားပါတယ် ။

Credit: popular


20 Sep 2017     1,454 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment