ARSA အစွမ်းရောက်အကြမ်းဖက်အဖွဲ့ကို Facebook က အသုံးပြုခွင့်ပိတ်
21 Sep 2017 1,488 Views

အစွန်းရောက်အကြမ်းဖက်အဖွဲ့ ARSA (Arakan Rohingya Salvation Army) ကို Facebook က အသုံးပြုခွင့် ပိတ်ပင်တားမြစ်လိုက်ပြီဖြစ်ကြောင်း သိရှိရသည်။
ARSA(Arakan Rohingya Salvation Army)ဟု သူတို့ကိုယ်သူတို့ အမည်တပ်ခေါ်ဝေါ်ကြသည့် အဖွဲ့ကို အန္တရာယ်ရှိသော အကြမ်းဖက်အဖွဲ့တစ်ခုအဖြစ် Facebook မှ တရားဝင်သတ်မှတ်လိုက်ပြီး ထိုအဖွဲ့သည် လူမှုကွန်ရက်ကိုအသုံးပြုကာ အမုန်းစကားများဖြန့်ချိရန်၊ အပြစ်မဲ့သူများကို သတ်ဖြတ်ရန်နှင့် ပြစ်မှုများကျူးလွန်ရန် စီစဉ်ဆောင်ရွက်နေသည့် အဖွဲ့ဖြစ်သောကြောင့် ယင်းအဖွဲ့ကို Facebook လူမှုကွန်ရက် အသုံးပြုခွင့်ပိတ်ပင်တားမြစ်လိုက်ကြောင်း Facbook မှ ပြောခွင့်ရပုဂ္ဂိုလ်က အတည်ပြုပြေားကြားလိုက်သည်။
Facebook ၏ အဖွဲ့အစည်း စံသတ်မှတ်ချက်စည်းမျဉ်း(Community Standard)အရ အဆိုပါအဖွဲ့အစည်းကို ထောက်ခံခြင်း၊ အားပေးအားမြှောက်ပြုလုပ်ခြင်းပြုသည့် စာသား၊ ဓာတ်ပုံ၊ ရုပ်သေ၊ ရုပ်ရှင်ဖိုင်များကိုပါ တားမြစ်ပိတ်ပင်လိုက်ပြီ ဖြစ်ကြောင်းသိရသည်။
ထိုသို့သော စာသား၊ ဓာတ်ပုံ၊ ရုပ်သေ ရုပ်ရှင် ဖိုင်မှန်သမျှကိုလည်း ဖျက်ပစ်ရန် Facebook က စီစဉ်ကြီးကြပ်သူ (moderator) များကို အမိန့်ထုတ်ပြန်ပြီးကြောင်းသိရသည်။