ထိုင်ဝမ်လေဆိပ်တွင် အိန္ဒိယနိုင်ငံသားနှစ်ဦး နိုင်ငံကူးလက်မှတ်အတုဖြင့်ဝင်ရောက်လာ
21 Sep 2017 1,441 Views

လက်ထပ်ပြီးခါစအိန္ဒိယဇနီးမောင်နှံ နှစ်ဦးဟာ ဇနီးဖြစ်သူရဲ့ ဆန္ဒဖြစ်သည့် ကနေဒါနိုင်ငံသို့ သွားရောက်အခြေချလိုခြင်းကြောင့် ကြားခံအဆက်အသွယ်များမှတဆင့် လူမှောင်ခိုဂိုဏ်းများထံမှ စင်္ကာပူနိုင်ငံကူးလက်မှတ်နှစ်အုပ်၊နိုင်ငံသားကဒ်နှစ်ခု၊ယာဉ်မောင်းလိုင်စင်နှစ်ခုနှင့်ကနေဒါ e-Visa တို့ အား US$၄သိန်းနီးပါးပေးချေလျက်ဝယ်ယူခဲ့ပါတယ်။ အဆိုပါ စင်္ကာပူနိုင်ငံကူးလက်မှတ်အတုတို့ အား သတ်မှတ်ချိန်းဆိုချက်အတိုင်း ထိုင်းနိုင်ငံသို့ သွားရောက်ရယူခဲ့ပြီးထိုင်းအပါအ၀င်အာဆီယံနိုင်ငံအချို့ တို့ အားစမ်းသပ်ဝင်ထွက်ခဲ့ရာ သံသယဖြစ်ခံရခြင်းမကြုံတွေ့ ခဲ့ရဘဲအဆင်ပြေခဲ့သဖြင့် ကနေဒါနိုင်ငံသို့ သွားရောက်ရန်အတွက် ထိုင်ဝမ်နိုင်ငံထောင်ယွမ်နိုင်ငံတကာလေဆိပ်မှတဆင့်တထောက်နားလေယာဉ်စီးရန်ဝင်ရောက်လာစဉ် စစ်ဆေးဖေါ်ထုတ်ခံရခြင်းဖြစ်ပါတယ်။
ထိုင်ဝမ်နိုင်ငံလ၀ကရဲ့ ပြည်ဝင်စစ်ဆေးရေးအဖွဲ့ အရာရှိများမှ အထက်ပါအိန္ဒိယဇနီးမောင်နှံနှစ်ဦးကိုင်ဆောင်ထားသည့်စင်္ကာပူနိုင်ငံကူးလက်မှတ်များအားကြည့်ရှုစစ်ဆေးလိုက်သည်နှင့်သံသယဖြစ်ဖွယ်အချက်များတွေ့ ရှိရသောကြောင့်လေဆိပ်ရှိခေတ်မှီနည်းပညာစက်များဖြင့် ထပ်မံစစ်ဆေးလိုက်သည့်အခါ နိုင်ငံကူးလက်မှတ်အတုဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့ပါတယ်။အဆိုပါဇနီးမောင်နှံအားထပ်မံစစ်ကြောပြီး မည်သို့ မျှဖုံးကွယ်၍မရသည့်အခါမှ၎င်းတို့ ၏မူလအိန္ဒိယနိုင်ငံကူးလက်မှတ်အားထုတ်ပြခဲ့ကြပါတယ်။ နိုင်ငံကူးလက်မှတ်အတုဖြင့်ဝင်ရောက်လာခဲ့သည့်အိန္ဒိယနိုင်ငံသားနှစ်ဦးအား မူလထွက်လာခဲ့သည့်နိုင်ငံလေဆိပ်သို့ ပျံသန်းသည့်လေယာဉ်ဖြင့်ပင်ပြန်လည်ထွက်ခွါစေခဲ့တယ်လို့ သိရပါတယ်။
Dr Myo Tun