BEC-TERO TV

မြောက်ကိုရီးယားအရေး ဂျပန်နှင့်ရုရှားပူးပေါင်းတုံ့ပြန်ရန်သဘောတူခဲ့

21 Sep 2017     1,475 Views


မြောက်ကိုရီးယားနိုင်ငံရဲ့နျူကလီးယားနဲ့ဒုံးကျည်ပစ်လွှတ်မှုတွေအပေါ် ပူးပေါင်းဆောင်ရွက်ပြီး တုံ့ပြန်ဖို့နဲ့ ကိုရီးယားကျွန်းဆွယ်ရဲ့နျူကလီးယားလက်နက်ဖျက်သိမ်းရေးကို ပူးပေါင်းဆောင်ရွက်ကြဖို့ ဂျပန်နဲ့ရုရှား(၂)နိုင်ငံတို့က သဘောတူခဲ့ကြပါတယ်။ ဂျပန်နဲ့ရုရှားနိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက မြောက်ကိုရီးယားရဲ့ကျူးကျော်ရန်စတဲ့ အပြုအမူတွေကိုတုံ့ပြန်ရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ကြပါတယ်။ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကာနိုက ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရော့ဗ်နဲ့ စက်တင်ဘာလ(၁၈)ရက်က အမေရိကန် နိုင်ငံ နယူးယောက်မြို့က ကုလသမဂ္ဂရုံးချုပ်မှာ တွေ့ဆုံခဲ့ပါတယ်။

တာရိုကာနိုက ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာ ရုရှားရဲ့လွှမ်းမိုးမှုကိုအသုံးပြုပြီး မြောက်ကိုရီးယားနိုင်ငံအပေါ် တုံ့ပြန်မှုတွေပြုလုပ်သွားဖို့ တိုက်တွန်းပြောဆိုခဲ့ပါတယ်။ ဂျပန်နဲ့ ရုရှားနှစ်နိုင်ငံလုံးဟာ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယား လက်နက်ဖျက်သိမ်းရေးကို ဦးတည်လုပ်ဆောင်နေတယ်ဆိုတာကို ထပ်မံအတည်ပြု ပြောဆိုခဲ့ပါတယ်ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက်အတိုင်းရပ်တည်ဖို့နဲ့သံတမန်ရေး နည်းလမ်းတွေသုံးပြီး မြောက်ကိုရီးယားနိုင်ငံကို ပိတ်ဆို့မှုတွေလုပ်ဆောင်သွားဖို့ သဘောတူခဲ့ကြပါတယ်။ ဂျပန်နိုင်ငံအနေနဲ့ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ အဖွဲ့ဝင်အဖြစ်ကနေ သက်တမ်းကုန်မယ့် ယခုနှစ်ကုန် အထိ ရုရှားနိုင်ငံနဲ့နီးကပ်တဲ့ဆက်ဆံရေးရှိနေဦးမှာဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီး တာရိုကာနိုက ပြောပါတယ်။


21 Sep 2017     1,475 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS