စပစ်သီးခြောက် စားသုံးခြင်းသည့် ကျန်းမာရေးကိုပိုမိုကောင်းမွန်းစေပြီးအခြားဓာတုပစ္စည်းတွေပါဝင်တယ်ဆိုရင် မစားသင့်
21 Sep 2017 2,448 Views
စပစ်သီးခြောက်စားသုံးခြင်း သည် ကျန်းမာရေးကိုပိုမိုကောင်းမွန်စေကြောင်းတွေရပြီး စပစ်ခြောက်စားသုံး ရန် အတွက်ရေဓာတ်တွကို ဖယ်ထုတ်လိုက်ရပြီးအမျှင်ဓာတ် နဲ့ အဟာရဓာတ်တွေပိုမိုကောင်းမွန်လာစေနိုင် ကြောင်း လေ့လာချက်များအရသိရပါတယ်။
ဘသာဝ အသီးအနှံမှာ အမျှင်ဓာတ် ၁.၆ ဂရမ်ထိရှိပြီး အခြောက်ခံထားလိုက်ပါက အမျှင်ဓာတ် ၄.၃ ဂရမ်ထိ ရှိလာကြောင်းသိပ္ပံရှင်များရဲ့ လေ့လာချက်မှာ တွေရပါတယ်။ အသီးခြောက်တွေက ဓာတ်တိုးဆန့်ကျင်ဂုဏ် ပါဝင်တာကို တွေရှိရမှာဖြစ်ပါတယ်။
အထူးသတိထားရမယ့်အချက်ကတော့ သစ်သီးခြောက်တွေမှာပါဝင်တဲ့ သကြားဓာတ် အချိုဓာတ်တွေကိုတော့ သတိပြုမိဖို့အတွက်လိုအပ်ပါတယ်။လက်ဆက်တဲ့ စပစ်သီးမှာ သကြားဓာတ် ၂၄ ဂ၇မ် ရှိနေပါတယ်။ အသီးခြောက်မှာဆိုရင် သကြားဓာတ်က ၁၁၆ ဂရမ်ထိပါဝင်လာတာဖြစ်ပါတယ်။