BEC-TERO TV

လူမြင်ကွင်းတွင် သေဒဏ်စီရင်သော အိုင်အစ်အဖွဲ့ကို ဒရုန်းယာဉ်ဖြင့် ဟန့်တား (ရုပ်သံ)

22 Sep 2017     1,263 Views


ဆီးရီးယားနိုင်ငံအရှေ့ပိုင်း အဘူကာမယ် ဒေသထဲက အစ္စလာမ္မစ်နိုင်ငံ အမည်ခံ အိုင်အက်စ် စစ်သွေးကြွအုပ်စုကို လေ့လာနေတဲ့ မောင်းသူမဲ့လေယာဉ်ဟာ အိုင်အက်စ်တွေရဲ့ လူပုံအလယ် သေဒဏ်စီရင်မှုကို ဟန့်တားနိုင်ခဲ့ပါတယ်။


ဒီသီတင်းပတ်အတွင်း ဗြိတိန် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်တဲ့ မေလ ၉ ရက်နေ့က ရိုက်ကူးထားတဲ့ ရုပ်သံထဲမှာ အိုင်အက်စ် စစ်သွေးကြွတွေက သံခြေကျင်းခတ် အကျဉ်းသား ၂ ဦးကို ဗင်ကားတစီးပေါ်ကနေ ဆင်းခိုင်းပြီး လူအုပ်ရှေ့ကို ခေါ်လာပုံ ပြသထားပါတယ်။


ဒါဟာ အိုင်အက်စ်တွေ လူပုံအလယ် သေဒဏ်စီရင်မယ့် လုပ်ရပ်ဆိုတာ ရှင်းရှင်းလင်းလင်း သိသာစေတယ်လို့ ဆိုပါတယ်။
အဲဒီအချိန်မှာ လက်နက်ကိုင် အစွန်းရောက် ၂ ဦးဟာ အဆောက်အဦတခုရဲ့ အမိုးပေါ်ကနေ ပတ်ဝန်းကျင်ကို စောင့်ကြည့်နေတာပါ။


ဒီ့နောက် မောင်းသူမဲ့လေယာဉ်ကနေ ဟဲလ်ဖိုင်းယား ဒုံးကျည်တစီးကို မိုင်နှစ်ထောင် အကွာအဝေးကနေ ချက်ချင်း ပစ်လွှတ်လိုက်လို့ အိုင်အက်စ်စစ်သွေးကြွတွေ သေဒဏ်စီရင်မှုကို ရပ်တန့်ခဲ့ပြီး အခင်းဖြစ်ရာ နေရာကနေ ထွက်ပြေးသွားကာ အရပ်သားတွေလည်း လူစုကွဲသွားပုံကို ရုပ်သံဖိုင်မှာ မြင်တွေ့ရပါတယ်။

သတင်း - DVB

 


22 Sep 2017     1,263 Views




RELATED

Most Popular of International News

Most Popular of NEWS