BEC-TERO TV

အခြေခံပညာကျောင်းဝန်းများအတွင်းရှိ ကျူးကျော်အိမ်များနှင့် ကျူးကျော်ဆိုင်ခန်းများ အခုဘဏ္ဍာနှစ်ကုန်တွင် ပြောင်းရွှေ့ရမည်

22 Sep 2017     1,362 Views


ရန်ကုန်တိုင်းဒေသကြီးအတွင်းက အခြေခံပညာကျောင်းဝန်းများရှိ ကျူးကျော်အိမ်များနှင့် ကျူးကျော်ဆိုင်ခန်းများကို အခုဘဏ္ဍာနှစ်အကုန် ၂၀၁၈ ခုနှစ် မတ်လတွင် ပြောင်းရွေ့ရမယ်လို့ဒုတိယအကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေးတွင် လှိုင်သာယာမြို့နယ်၊ မဲဆန်္ဒနယ်အမှတ်(၂)၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမြတ်မင်းသူရဲ့ မေးမြန်းမှုကို လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကဖြေကြားခဲ့တာပါ။

လှိုင်သာယာမြို့နယ်ထဲက အခြေခံပညာကျောင်းအချို့မှာ သက်သာဆိုင်ခန်းများ ဖွင့်လှစ်ထားပြီး ဒီဆိုင်ခန်းများဟာ ကျောင်းဆောင်တွေနဲ့ နီးကပ်စွာတည်ရှိနေခြင်း၊ကျောင်းရှေ့ စည်ပင်မြောင်းများကို ခွကျော်တည်ဆောက်ထားခြင်းများအပြင် ဆိုင်ခန်းတွေဟာ ကျေုာင်းပရ၀ဏ် အတွင်းရောက်ရှိနေပြီး အိမ်သာများဆောက်လုပ်သုးံစွဲနေကြခြင်း စတာတွေကြောင့် ကျောင်းများ အတွက် ရုပ်ပိုင်းဆိုင်ရာမတင့်တယ်ခြင်းနှင့်ကျောင်းသားတွေအတွက် ကျန်းမာရေးဆိုင်ရာမျာ ပြသနာများရှိလာနိုင်ခြင်းတို့ကြောင့် မေးမြန်းခဲ့ရတာဖြစ်တယ်လို့ ဦးမြတ်မင်းသူက ပြောပါတယ်။

လှိုင်သာယာမြို့နယ်အတွင်းမှ အခြခံပညာကျောင်းများတွင် ကျူးကျော်အိမ်(၃၄)လုံးနှင့် သက်သာဆိုင်ခန်း(၁၈၆)ခန်းရှိပါတယ်။သက်သာဆိုင်ခန်းတွေနဲ့ပတ်သက်ပြီး ၂၀၁၄ ခုနှစ် အောက်တိုဘာလကုန်အထိသာ ဆိုင်ခန်းလခကောက်ခံထားပြီး စာချုပ်သက်တမ်းကုန်ဆုံးပါက စာချုပ်သက်တမ်းထပ်မတိုးရန်နှင့် ဆိုင်ခန်များအားအပြီးအပိုင်ဖျက်သိမ်းပေးရန် အကြောင်းကြား ထားသော်လည်း ငှားရမ်းထားသူများက လိုက်နာမှုမရှိခဲ့ဘူးလို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းကဖြေကြားပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း အခြေခံပညာ ကျောင်းဝန်းများရှိ သက်သာဆိုင်ခန်းများ အားလုးံဖျက်သိမ်းနိုင်ရေးအတွက် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အစည်းအဝေးအမှတ်စဉ်(၁၄/၂၀၁၇) ဆုံးဖြတ်ချက်အပိုဒ် ၄၄ အရ ယခုနှစ်ကျောင်း မဖွင့်မီကာလအတွင်း ဖျက်သိမ်းရန် ကျန်ရှိသောအခန်းများအား ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ နှင်ထုတ်ခြင်းဥပဒေနဲ့အညီဆောင်ရွက်ပြီး ပြန်လည်တင်ပြရန်တိုင်းပညာရေးမှူးကို အကြောင်းကြား တယ်လို့ ပြောပါတယ်။ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များရှိအခြေခံပညာကျောင်းများတွင် သက်သာဆိုင်ခန်းများ အမှန်စာရင်းများကို ကောက်ခံထားပြီး ဖယ်ရှားနိုင်ရေးအတွက်လည်း ဆောင်ရွက်နေတယ်လို့သိရပါတယ်။


22 Sep 2017     1,362 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS