မိခင်နို့ရည်ကို ခိုးယူခဲ့တဲ့ ကလေးထိန်း စီစီတီဗီမှာမိ (ရုပ်သံ)
22 Sep 2017 1,376 Views
ကလေးအတွက် သီးသန့်ဖယ်ထားသော မိခင်နို့ကို ကလေးအား အကုန်မတိုက်ပဲ ခိုးယူခဲ့တာကို စီစီတီဗီမှတ်တမ်းမှာ တွေ့ခဲ့ပြီးနောက် ကလေးထိန်းအား အလုပ်ထုတ်ပစ်ခဲ့သည်။
တိုင်ဝမ်နိုင်ငံမှ လသားကလေးငယ်နှစ်ဦး၏ မိခင်ဖြစ်သူ “လင်း”က အသက် ၅၄ နှစ်အရွယ် ကလေးထိန်းကို ကလေးများကို တိုက်ရမည့် မိခင်နို့ကို ခိုးသောက်သည်ဟု သံသယရှိခဲ့သည်။
တစ်ရက်တွင် ကလေးထိန်းက နို့ဗူးအလွတ်ကို ကိုင်လျှက် မီးဖိုထဲ့သို့ဝင်လာစဉ် လင်းက နို့တွေရောဘယ်မှာလဲဟု မေးလိုက်သည်။ အဲဒီအချိန်မှာတင် ကလေးနို့တွေကို ကလေးထိန်းက သောက်ခဲ့ကြောင်း သတိထားမိခဲ့သည်။ ထို့ကြောင့် နောက်တစ်ခါ သမီးငယ်နို့ဝပါက သားငယ်ကို ဆက်လက်တိုက်ကျွေးဖို့ မှာခဲ့ပါတယ်။
အဲဒီနောက်မှာတော့ ကလေးထိန်းက သူမ၏ သမီးငယ်ကို မိနစ် ၄၀ ခန့် နို့တိုက်ခဲ့ပြီး နို့ဗူးထဲတွင် နို့ရည် ၅၀ စီစီသာ ကျန်တော့သဖြင့် သူမ၏ ဒိုင်ယာရီတွင် သမီးငယ် ၁၃၀ စီစီနို့သောက်ပြီးကြောင်း မှတ်တမ်းရေးခဲ့သည်။
မသင်္ကာ၍ စီစီတီဗီမှတ်တမ်း ပြန်ကြည့်တဲ့အခါ နို့တွေကုန်အောင် မတိုက်ခဲ့ကြောင်း တွေ့ရှိခဲ့ရပါတယ်။ သို့သော် သူမက ဝန်မခံတဲ့အတွက် နောက်ဆုံးမှာ အလုပ်က ထုတ်ပစ်ခံခဲ့ပါတယ်။
နောက်ပိုင်းမှာ အဆိုပါ ကလေးထိန်းအမျိုးသမီးဟာ ရောဂါလက္ခဏာတစ်မျိုး ခံစားနေရပြီး မိခင်နို့ရည်သောက်မှ သက်သားကြောင်း ယခင်က အိမ်ရှင်အမျိုးသမီးများမှာ သူ့ကို ပိုလျှံသောနို့ရည်များ ပေးကြောင်း ပြောဆိုခဲ့ပါတယ်။