အွန်လိုင်းမှာခေတ်စားနေတဲ့ အလောင်းကောင်ဖက်ခေါင်းအုံး
22 Sep 2017 2,147 Views

လူတစ်ရပ်စာလောက်ရှိတဲ့ သွေးစသွေးနများနဲ့ အလောင်းကောင် ဖက်ခေါင်းအုံးကို ထိုင်းအွန်လိုင်း ရှော့ပင်းဆိုက် Mon Hia က တင်ရောင်းလိုက်ပြီးတဲ့နောက် မလေးရှားနဲ့ အင်ဒိုနီးရှားက အွန်လိုင်းသုံးသူတွေ လှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ပါတယ်။

မလေးနဲ့ အင်ဒိုနီးရှားမှာ အဲဒီအလောင်းကောင်ကို ‘ပိုကွန်း’ သရဲလို့ ခေါ်ပါတယ်။ သရဲဝိဉာဉ်တွေက အလောင်းကို ပတ်ထားတဲ့ အဝတ်တွေမှာ စီးဝင်နေတယ်လို့ ယုံကြည်ကြပါတယ်။
စက်တင်ဘာလ ၁၅ ရက်နေ့က ဖေ့စ်ဘွခ်ကနေတစ်ဆင့် ကြော်ငြာပြီး တင်ရောင်းတဲ့အခါ အဆိုပါ ဓါတ်ပုံကို ၃၇,၀၀၀ လောက် ဝေမျှခဲ့ကြပါတယ်။


မလေးနဲ့ အင်ဒိုက လာတွေက ငါတ်ု့သရဲက ဘယ်နှယ်ကြောင့် ထိုင်းရောက်သွားတာလဲ ဆိုပြီး ကွန်မန့်ဝင်ပေးကြတာကို တွေမြင်ခဲ့ရပါတယ်။ ဒီဖက်လုံးကို ထွင်ပြီးရောင်းခဲ့သူကလည်း ဒါဟာ အလောင်းကောင် မဟုတ်ပဲ မလေးသရဲသာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။


၁.၆၅ မီတာရှိတဲ့ သရဲနဲ့ဖက်အိပ်တဲ့ အတွေ့အကြုံရချင်လို့ အော်ဒါမှာချင်တယ်ဆိုရင်တော့ ထိုင်းဘတ် ၁,၄၄၄ ကျသင့်မှာ ဖြစ်ပါတယ်။








