BEC-TERO TV

မူးယစ်ဆေးဝါးမှုတွင် ပါဝင်ပါက သားဖြစ်သူကို ပစ်သတ်ရန် ဒူတာတေး အမိန့်ထုတ်ပြန်

22 Sep 2017     1,492 Views


ဖိလစ်ပိုင်နိုင်ငံသမ္မတ ရော်ဒရီဂို ဒူတာတေး က သူ၏သားဖြစ်သူ ဒါဗိုမြို့၏ ဒုမြို့တော်ဝန် ပါလိုဒူတာတေး မူးယစ်ဆေးဝါးမှုများတွင် ပါဝင်ပက်သက်ခဲ့ပါက ပစ်သတ်ရန် ရဲတပ်ဖွဲ့ကို ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က အမိန့်ပေးခဲ့ကြောင်း သိရှိရသည်။

ကျွန်တော်ရဲ့ သားသမီးတွေ မူးယစ်ဆေးဝါးရောင်ဝယ်ဖောက်ကားတဲ့ ကိစ္စတွေမှာ ပါဝင်ပက်သက်နေတယ်ဆိုရင် သတ်ပစ်ပါ၊ ဒါမှ ဘယ်သူကမှ ကျွန်တော်ကို ဆန့်ကျင်မပြောသာမှာဖြစ်ပါတယ်” လို့ မလာကာနန်မြို့ရှိ အစိုးရလုပ်သားနဲ့ အဖွဲ့အစည်းတွေကို ပြောကြားခဲ့တဲ့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

ကျွန်တော်သားကိုလည်း ပြောထားပါတယ် မင်းဒီကိစ္စတွေမှာပါရင် မင်းကို ရဲကပစ်သတ်လိမ့်မယ်။ ပစ်တဲ့ရဲဘက်က ငါက ကာကွယ်သွားမယ်လို့ သတိပေးသွားကြောင်း ပြောဆိုခဲ့ပါတယ်။

ဒုတိယမြို့တော်ဝန် ပါလိုဒူတာတေး ဟာ နာမည်ပျက်ရှိတယ်လို သတင်းထွက်နေတဲ့ ဒါဗိုအာ အဖွဲ့အစည်းနဲ့ အဆက်သွယ်ရှိခဲ့သူဖြစ်ပါတယ်။ သမ္မတဒူတာတေးကတော့ သူ့ရဲ့သားသမီးဟာ ဒီကိစ္စတွေမှာ ပါဝင်ခဲ့ရင် သူနုတ်ထွက်မယ့်အကြောင်း ထပ်တလဲလဲပြောကြားခဲ့ပါတယ်။
 


22 Sep 2017     1,492 Views




RELATED

Most Popular of International News

Most Popular of NEWS