BEC-TERO TV

(၂၀၁၉)ခုနှစ်ချန်ပီယံလိဂ်ဗိုလ်လုပွဲကို လက်ခံကျင်းပမည့် မက်ထရိုပိုလီတာနို

25 Sep 2017     1,302 Views


ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ဟာ (၂၀၁၉)ခုနှစ် ချန်ပီယံလိဂ်ဗိုလ်လုပွဲကို အက်သလက်တီကိုမက် ဒရစ်အသင်းရဲ့ အိမ်ကွင်းသစ် မက်ထရိုပိုလီတာနိုကွင်းမှာ ကျင်းပပြုလုပ်မှာဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။အက်သလက်တီကို မက်ဒရစ်အသင်းဟာ အသင်းရဲ့အိမ်ကွင်းသစ်ဖြစ်တဲ့ မက်ထရိုပိုလီတာနိုကွင်းကို လာလီဂါပွဲစဉ်(၄)အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့မာလာဂါအသင်းနဲ့ပွဲစဉ်မှာ စတင်ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ အက်သ လက်တီကိုမက်ဒရစ်အသင်းဟာ အဆိုပါပွဲစဉ်မှာ မာလာဂါအသင်းကို ဂရစ်ဇ်မန်းရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး အိမ်ကွင်းသစ်မှာ အဖွင့်လှခဲ့ပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ အိမ်ကွင်းသစ်ဖြစ်တဲ့ မက်ထရိုပိုလီတာနိုကွင်းဟာ ချန်ပီယံလိဂ်ကျင်းပပြုလုပ်တဲ့ (၄)ကွင်းမြောက်စပိန်ကလပ်အသင်းရဲ့ အိမ်ကွင်းဖြစ် လာမှာဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းရဲ့အိမ်ကွင်း ဘာနေဗျူးကွင်း၊ ဘာစီလိုနာအသင်းရဲ့အိမ်ကွင်း နူးကမ့်ကွင်း နဲ့ဆီဗီလာအသင်းရဲ့အိမ်ကွင်း ပစ်ဇ်ဂျူအန်ကွင်းတွေမှာ ကျင်းပပြုလုပ်ခဲ့ဖူးတာဖြစ်ပါတယ်။ စပိန်မြေမှာ ချန်ပီယံ လိဂ်ဗိုလ်လုပွဲကိုနောက်ဆုံးကျင်းပပြုလုပ်နိုင်ခဲ့တဲ့ကွင်းကတော့ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ဘာနေဗျူးကွင်းဖြစ်ပြီး (၂၀၁၀)ခုနှစ်ချန်ပီယံဗိုလ်လုပွဲကို ကျင်းပပြုလုပ်ခဲ့တာဖြစ်ပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်UEFAအနေနဲ့ စက် တင်ဘာလ(၂၀)ရက်နေ့က ပြင်သစ်နိုင်ငံ၊လိုင်ယွန်မြို့မှာ ကျင်းပပြုလုပ်ခဲ့တဲ့ ကော်မတီအစည်းအဝေးမှာ အက် သလက်တီကိုမက်ဒရစ်အသင်းရဲ့အိမ်ကွင်း မက်ထရိုပိုလီတာနိုကွင်းမှာ (၂၀၁၉)ခုနှစ်၊ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ကျင်းပပြုလုပ်ဖို့အတည်ပြုဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ အက်သလက်တီကိုမက်ဒရစ်အသင်းဥက္ကဌဆီရီဇိုကလည်း အသင်းရဲ့အိမ်ကွင်းမှာ ချန်ပီယံလိဂ်ဗိုလ်လုပွဲ ကျင်းပခွင့်ရရှိတဲ့အတွက် ဂုဏ်ယူမိကြောင်းနဲ့ အသင်းရဲ့အိမ်ကွင်း သစ်ဖြစ်တဲ့ မက်ထရိုပိုလီတာနိုကွင်းဟာလည်း အလွန်ကောင်းမွန်တဲ့ကွင်းတစ်ကွင်းဖြစ်ကြောင်း ထောက်ခံပြော ကြားခဲ့ပါတယ်။


25 Sep 2017     1,302 Views




RELATED

Most Popular of Football

Most Popular of Sport