BEC-TERO TV

လူစိတ်ဝင်စားမှုအနည်းဆုံး မှတ်တမ်းဝင်သွားတဲ့ iPhone 8

25 Sep 2017     1,312 Views


ပုံမှန်အားဖြင့် နိုင်ငံအတော်မျးများမှာ iPhone မော်ဒယ်အသစ်တစ်မျိုး စတင်ရောင်းချမည့်နေ့ဆိုလျှင် အဲ့ဒီနေ့မတိုင်ခင် ညထဲက Apple စဆိုးဆိုင်ကြီးတွေရဲ့ ရှေ့မှာ ညအိပ်တန်းစီပြီး ဝယ်ယူခဲ့ရသည်ထိ ရူးသွပ်စွာ ဝယ်ယူအားပေးခဲ့ကြပါတယ်။ အဲဒီထဲမှာ တရုပ်နိုင်ငံလည်း အပါဝင်ဖြစ်ခဲ့ပါတယ်။


ပြီးခဲ့တဲ့ သောကြာနေ့က iPhone 8 ကို တရုပ်နိုင်ငံမှာ စတင်ရောင်းချခဲ့ပြီး ယခင်လို ကြိတ်ကြိတ်တိုး စည်းကားမည်ဟူသော မျှော်လင့်ချက်ဖြင့် တန်းစီရန် အကာအရံများနှင့် လုံခြုံရေးအဖွဲ့ ၄၀ ခန့် ကြိုတင်စီမံထားခဲ့ပါတယ်။ ဒါပေမယ့် ယခင်နှစ်များနဲ့မတူ ဒီနှစ်မှာတော့ Apple စတိုးဆိုင်ကြီးရှေ့မှာ ခြောက်သွေ့စွာနဲ့ လာရောက်တန်းစီမယ့်သူတောင် မရှိဖြစ်ခဲ့ရပါတယ်။


နံနက် ၈ နာရီ စတိုးဆိုင် စဖွင့်ချိန်မှာတော့ တန်းစီတဲ့လူ နှစ်ဦးပဲရှိတာကို တွေ့ခဲ့ရပါတယ်။ ဒါကြောင့်မို့ ၈ နာရီ ၄၃ မိနစ်လောက်မှာ လုံခြုံရေးတွေက ဆိုင်ရှေ့က အကာအရံတွေကို ပြန်လည်ဖယ်ရှားခဲ့ပါတယ်။ ဒီလိုဖြစ်ရတဲ့ အကြောင်းနဲ့ပက်သက်ပြီး တရုပ်လူမှုကွန်ယက် ဝီဘိုမှာ လူအတော်များများက နိုဝင်ဘာမှာ ထွက်လာမယ့် iPhone X ကို စောင့်နေကြတဲ့အတွက် ဖြစ်နိုင်တယ်လို ပြောဆိုနေကြပါတယ်။


ဒီလိုဝယ်သူနည်းပါးခဲ့တဲ့ ဖြစ်မျိုး ဟောင်ကောင်က Apple စတိုးဆိုင်မှာလည်း ဖြစ်ခဲ့ပြီး iPhone ရာဇဝင်မှာ ထူးထူးခြားခြား လူစိတ်ဝင်စားမှု အနည်းဆုံး အခြေနေအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

မိတ်ဆွေဆိုရင်ရော iPhone 8 ဝယ်မလား.. iPhone X ကို စောင့်နေဦးမှာလား..? ပြောပြခဲ့ပါဦးနော်။
 


25 Sep 2017     1,312 Views




RELATED

Most Popular of Special or Others

Most Popular of NEWS