BEC-TERO TV

မိုးဟေကိုပိုင် မိုးထုတ်လုပ်ရေးကို လျော်ကြေး ၃ဆ ပြန်အမ်းမယ့် သင်ဇာဝင့်ကျော်

25 Sep 2017     2,630 Views


သရုပ်ဆောင်မိုးဟေကိုပိုင် မိုးထုတ်လုပ်ရေးထုတ်လုပ်ရေးရဲ့ ကိုးကား မြောက်ရုပ်ရှင်ဇာတ်ကားဖြစ်သည့် သူ့နာမည် ရွှေရုပ် ဇာတ်ကားမှာ တစ္ဆေ သရဲ ဇာတ်ရုပ်နေရာက ပါဝင်သရုပ်ဆောင်ဖို့ သဘောတူစာချုပ် ချုပ်ဆိုခဲ့သူ သရုပ်ဆောင်သင်ဇာဝင့်ကျော်က ဒီဇာတ်ကားရိုက်ကူးနေစဉ်မှာ တွေ့ကြုံ ခဲ့ရတဲ့ စိတ်ဒုက္ခတွေကိုလူမှုကွန် ယက် စာမျက်နှာ ထက်မှာရေးသား ရင်ဖွင့်ထားပါတယ်။

ကျမဖြတ်သန်းလာတဲ့အနုပညာသက်တမ်းတလျှောက်အခုလိုမျိုးအနုပညာခေါင်းပုံဖြတ်တဲ့သူမျိုးတခါမှမ တွေ့ဖူးပါ ဘူး။ခင်မင်ရင်နှီးမှုကိုအခွင့်ကောင်းယူပြီး အခုလိုမျိုးလုပ်တာကျမပိုပြီးရင်နာရပါတယ်။ကိုယ့် စေတနာထား လဲစေတနာ ကိုမမြင်ကြပါလား။ကျမဒီ 'ရွှေရုပ်'ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကိုစပြီးလက် ခံကတည်းက producer ကိုယ်တိုင် သရုပ်ဆောင် မယ်ဆိုကတည်းကသူ့ဇာတ်ပဲဖြစ်မယ်ဆိုတာသိပြီး သားပါ။ဒါပေမဲ့ director steel ကproducer ကိုယ် တိုင်က ညီမနဲ့ပဲရိုက်ချင်တယ်ဒီဇာတ်ကို ဒီနေရာမှာ ဘယ်သူ့ကိုမှထဲ့မရိုက်ချင်ဘူးဆိုလို့ ခုနောက်ပိုင်းအပြိုင် ဇာတ်တွေကိုကျမပရိတ်သတ်တွေမရိုက်ခိုင်းတဲ့ကြားက ခင်မင်မှုတွေနားလည်မှုတွေ ကိုရှေ့ တမ်းတင်ပြီး ရိုက်ပေးဖြစ်ခဲ့ပါတယ်။စဌားတုန်:ကတော့သရဲလုပ်ရမယ်လို့ ပဲပြောပါတယ်။စီလီကွန်မိတ်ကပ်ကြီး အုပ်ပြီးတကားလုံး သရုပ်ဆောင်ရမယ်လို့မပြောပါဘူး။ဈေးစကား ပြော..စာချုပ်မှာလက်မှတ်ထိုးပြီးမှစီလီကွန်အုပ် ဖို့အ တွက် ပုံစံခွက်လာယူရမယ်တို့ဘာတို့ပြောပါတယ်။စရံလာပေးမှ scene စာရွက်ကြည့်လိုက်တော့ ၇scene ပဲပါပါတယ်ဒီအထိကျမဘာမှမပြောသေးပါဘူး။


25 Sep 2017     2,630 Views




RELATED

Most Popular of Movie Stars - Celebrity

Most Popular of Entertainment