BEC-TERO TV

မြန်မာနိုင်ငံကကုန်သွယ်မှုကဏ္ဍတွေ တိုးမြှင့်လာဖို့ဈေးကွက်သစ်တွေ ဖန်တီးနိုင်ဖို့ လိုအပ်နေ

26 Sep 2017     1,471 Views


မြန်မာနိုင်ငံက ကုန်သွယ်မှုကဏ္ဍတွေတိုးမြှင့်လာဖို့အတွက် ဈေးကွက်သစ်တွေဖန်တီးဖို့ လိုအပ်နေတယ်လို့ စက်တင်ဘာလ ၂၃ ရက်က ရန်ကုန်မြို့ကမ်းနားလမ်းရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှုသင်တန်းကျောင်းမှာပြုလုပ်တဲ့ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုသင်တန်းအမှတ်စဉ်(၁၀)စီးပွားရေးဆိုင်ရာ ဟောပြောပွဲမှ သိရတာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ လက်ရှိဈေးကွက်အပြင်ဈေးကွက်သစ်တွေလည်း ဖန်တီးဖိုလိုအပ်နေ တာဖြစ်ပြီးအသိပညာပေးတာတွေနဲ့ကုန်သွယ်မှုနဲ့ပတ်သက်တဲ့ သင်တန်းတွေကလည်း တကယ်လိုအပ်နေတယ်လို့ သိရပါတယ်။

` ဒါ့အပြင် ပြည်တွင်း SME ကဏ္ဍတွေမှာ တိုးလာဖို့ ဆိုရင်လည်း ဈေးကွက်ကလည်း အရေးကြီးတယ်လို့ပြောပါတယ်။အခုလိုဈေးကွက်သစ်တွေဖန်တီးလာနိုင်အောင်လည်း ကုန်သွယ်မှုသင်တန်းတွေ ပြုလုပ်သင်ကြားပေးနေတာဖြစ်ပြီး ကုန်သွယ်မှုသင်တန်းတွေကနေပြီးမြောက်ခဲ့တဲ့ သင်တန်းသူ သင်တန်းသားတွေအနေနဲ့ မိမိတို့လုပ်ငန်းနယ်ပယ်တွေ အကျိုးဖြစ်ထွန်းမှုတွေရရှိခဲ့တာကြောင့် ကုန်သွယ်မှုကဏ္ဍတွေ တိုးတက်လာဖို့အတွက် အကျိုးရှိစေတယ်လို့ပြောပါတယ်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်မှုသင်တန်းကျောင်းမှာတော့ကုန်သွယ်မှုသင်တန်းတွေကို ၂၀၁၂ခုနှစ်ကတည်းက ပြုလုပ်နေတာဖြစ်ပြီး(၅)နှစ်တာကာလ အတွင်းမှာ သင်တန်းသားသင်တန်းသူပေါင်း(၁၃၀၀)၀န်းကျင်ထိ သင်တန်းပေးခဲ့ပြီဖြစ်ပါတယ်။


26 Sep 2017     1,471 Views




RELATED

Most Popular of Good Morning Myanmar

Most Popular of NEWS