YBS ယာဉ်မောင်းရန် အမျိုးသမီး ၃၀ ဦး အလိုရှိသည်
26 Sep 2017 2,672 Views

Power Eleven ကုမ္ပဏီမှ YBS ယာဉ်လိုင်းများတွင် ဝန်ဆောင်မှဒပေးနိုင်မည့် အမျိုးသမီးယာဉ်မောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အမျိုးသမီးယာဉ်မောင်း ၃၀ ဦးအလိုရှိသည်ဟု ထုတ်ပြန်ကြေညာထားကြောင်း သိရှိရသည်။
ယာဉ်လုံးဝမမောင်းတတ်သူဖြစ်စေ၊ ယာဉ်မောင်းအတွေ့ကြုံမရှိသေးသူဖြစ်စေ လျှောက်ထားနိုင်ပြီး စနစ်တကျသင်ကြားပို့ချပေးမည်ဖြစ်ကာ သင်တန်းပေးစဉ်ကာလအတွင်းမှာလည်း တစ်လလျှင် နှစ်သိန်းကျပ် ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ယာဉ်မောင်းလိုင်စင် ၃ နှစ်သက်တမ်းရှိသူများလည်း လျှောက်ထားနိုင်ပြီး လိုင်စင်ဖြေဆိုမည့်သူများကိုလည်း ကူညီပေးသွားမည်ဖြစ်ကြောင်း Power Eleven ကုမ္ပဏီမှ ကိုတရုပ်လေးက ရေးသားဖော်ပြထားသည်။
စိတ်ပါဝင်စားသူများ လိုင်စင်ဓါတ်ပုံ (၃)ပုံ၊ မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ လိုင်စင်မိတ္တူ ၃ စုံနှင့်
တစ်ပတ်အတွင်း ရပ်ကွက်နေထိုင်ကြောင်း၊ ရဲစခန်းပြစ်မူ ကင်းရှင်းကြောင်း ထောက်ခံစာ မူရင်း
တို့နှင့်အတူ အမှတ် ၂၄၅၊ တော်ဝင်လမ်း၊ (၇) ရပ်ကွက် ရွေပြည်သာ၊ ရွေပြည်သာ ဆေးရုံကြီးအနီး ဖုန်း ၀၉ ၄၅၆၀၆၀၀၆၉ သို့ ဆက်သွယ် စုံစမ်း လျောက်ထားနိုင်ကြောင်း သိရှိရသည်။