BEC-TERO TV

အိုမင်းရင့်ရော်မှုကို အံတုနိုင်သည့် မျက်နှာအသားတွင်း အပ်ချည်ထိုးသွင်းပြီးကုသတဲ့ အံ့ဖွယ်ကုထုံး (ရုပ်သံ)

26 Sep 2017     1,563 Views


သြစတြေးလျနိုင်ငံမှာ မျက်နှာအသားတွင်း အပ်ချည်ကို အပ်နဲ့ထိုးသွင်းပြီး အိုမင်းရင့်ရော်မှုကို အံတုကုသပေးတဲ့ ကုထုံးသစ်ဟာ တကယ့်ကို အံ့သြစရာပါပဲ။ ဒါကို ရုပ်သေးအပ်ချည်ကုထုံးလို့ သိကြပြီး ကုန်ကျငွေ ဒေါ်လာ ၄ ထောင် ကျသင့်မှာဖြစ်တယ်လို့ ဒေးလီးမေးလ်သတင်းတပုဒ်မှာ ဖော်ပြပါတယ်။ ခွဲစိတ်စရာမလို၊ အမာရွတ်ထင်မကျန်ခဲ့ဘဲ အချိန်မိနစ် ၃၀ အတွင်းမှာ ပြောင်းလဲ တင်းရင်းသွားစေမယ့် ဒီနည်းပညာအတွက် အသားတွင်း စုပ်ယူဆွဲထားနိုင်တဲ့ ရုပ်သေးအပ်ချည်နဲ့ အပ်တချောင်းသာ လိုအပ်ပါတယ်။ မျက်နှာအသားတွင်း အပ်နဲ့ထိုးသွင်းချည်ရတဲ့ ဒီဖြစ်စဉ်ဟာ ထိတ်လန့်စရာလို့ ထင်စရာရှိပေမယ့် သွေးမထွက်၊ နာကျင်မှုမရှိဘူးလို့ အလှပြုပြင်ရေးသူနာပြု ကက်သရင်း မီလာရှန်နွန်က ပြောပါတယ်။ “ရှင်တို့ ဘာတခုမှ လုံးဝကို ခံစားရမှာ မဟုတ်ပါဘူး။ အပ်သွားနေချိန်တောင်မှပေါ့လေ။

” သူကတော့ မဲလ်ဘုန်းနဲ့ ဆစ်ဒ်နီမြို့တွေဆီ ဒီနည်းပညာသစ်ကို သယ်ဆောင်လာခဲ့တဲ့ အလှအပ ပြုပြင်ရေးဆိုင်ရာ ဆေးခန်းပိုင်ရှင် ဖြစ်ပါတယ်။ ဒီနည်းပညာကုထုံးသစ်ဟာ အသက် ၄၀ ကနေ ၆၅ နှစ်ထိ အပိုင်းအခြား လူနာတွေအတွက် သင့်တော်ပြီး ဒါဟာ မျက်နှာပေါ်က ကောက်ကြောင်းတွေအတိုင်း ပါးပြင်၊ မျက်ခုံး၊ မေးရိုးနဲ့ လည်ပင်းတွေကို ပင့်တင်ဆွဲတင်းစေနိုင်မှာ ဖြစ်ပါတယ်။ “ခုလိုကုသတဲ့အချိန်အတွင်းမှာ နာကျင်မှု လုံးဝမရှိနိုင်ပါဘူး။ နာရီဝက်ကနေ တနာရီအတွင်းပေါ့။” ထုံဆေးပေးပြီး အေဒရီလိုင်း (Adreline) အသုံးပြုတဲ့ ဒီနည်းပညာဟာ လတ်တလောမှာတော့ လူပြောများ ရေပန်းစားနေတာပါ။ အထူးပြုလုပ်ထားတဲ့ ၃ မီလီမီတာရှိတဲ့ အသားတွင်းထိုးသွင်းထားတဲ့ ကြိုးဟာ အရေပြားအောက်မှ တစ်ရှူးတွေကို ပြန်လည်စုပ်ယူနိုင်ပြီး တင်းရင်းလာစေမှာလို့ ဆိုပါတယ်။ “ဒါဟာ အိုမင်းရင့်ရော်မှုတိုက်ဖျက်ရေး အနာဂတ်ပါပဲ” လို့ မီလာရှန်နွန်က ပြောပါတယ်။

Credit : burmese.dvb.no


26 Sep 2017     1,563 Views




RELATED

Most Popular of Special or Others

Most Popular of NEWS