မြွေကိုက်ခံပြီး ကိုယ့်ကိုယ်ကို အဆုံးစီရင်သွားတဲ့ မြွေကျွမ်းကျင်သူ (ရုပ်သံ)
26 Sep 2017 1,538 Views

ရုရှားနိုင်ငံက မြွေကျွမ်းကျင်သူဟု လူသိများပြီး ယူကျူ့တွင်လည်း မြွေနဲ့ပက်သက်တဲ့ မှတ်တမ်းဗီဒီယိုများ ရိုက်ကူးတင်ဆက်သူ ဗီဒီယိုဘလောက်ခ့်ကာ Arslan Valeev က ဇနီးဖြစ်သူနဲ့ ကွာရှင်းခဲ့ပြီးနောက် မိမိကိုယ်ကိုယ် မြွေအကိုက်ခံကာ Live လွှင့်ပြီး အဆုံးစီရင်သွားခဲ့သည်။
အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Arslan ဟာ စိန့်ပီတာစဘတ်မြို့က နေအိမ်မှာ အတော်လေးစိတ်ကျနေခဲ့တာကို ဗီဒီယိုမှာ တွေ့မြင်ခဲ့ရပါတယ်။ သူ့ရဲ့ အိမ်မွေးတိရိစ္ဆာန်အဖြစ် မွေးထားသော အဆိပ်ပြင်းသည့် တောကြီးမြွေဟောက် အနက်တစ်ကောင်ကို သူရဲ့လက်ကို ကိုက်ခိုင်းပြီး အဆုံးစီရင်သွားခဲ့သည်။
Live ဗီဒီယိုတွင် မြွေကိုက်ခံရတာကို မပြခဲ့သော်လည်း သူ၏လက်တွင် မြွေကိုက်ထားသော မြွေစွယ်ရာကို ပြသခဲ့သည်။ ဗီဒီယို၏ နောက်ဆုံးပိုင်းတွင် သူ၏ထိုင်ခုံမှ လျှောကျသွားခဲ့သည်။ သိပ်မကြာမီတွင် သေဆုံးသွားခဲ့သည်။
သူ၏ဇနီးဖြစ်သူ Ekaterina ကလည်း ရုရှားမှာ နာမည်ရတဲ့ ဗီဒီယိုဘလောက်ခ့်ကာတစ်ဦးလည်း ဖြစ်ပါတယ်။ သြဂုတ်လ ၄ ရက်နေ့က သူတို့နှစ်ဦး စကားများရန်ဖြစ်ခဲ့ကြပြီး Arslan က ဇနီးဖြစ်သူကို ရိုက်နှက်ခဲ့တယ်လို့ နီးစပ်တဲ့ သူငယ်ချင်းများက ပြောပြပါတယ်။
စက်တင်ဘာ ၂၁ ရက်နေ့မှာ Arslan က သူမှားကြောင်းကို လူအများသိအောင် ပြန်လည်တောင်းပန်ခဲ့ပါတယ်။ ဇနီးဖြစ်သူက သူ့ဆီက တရားဝင်ကွာရှင်းစာရပြီးနောက်ပိုင်း အချစ်သစ်တွေ့သွားခဲ့ပါတယ်။
သူ့ရဲ့ Live ဗီဒီယိုမှာ တစ်ယောက်ယောက်က အကြောင်းကြားလို့ရအောင် ဇနီးဟောင်းရဲ့ ဖုန်းနံပါတ်ကို ရွတ်ပြခဲ့ပြီး သူမသာ လာတွေ့ရင် အရမ်းပျော်မိမှာပဲလို့ ပြောခဲ့ပါတယ်။
နောက်ဆုံးမှာတော့ သူဟာ မြွေကိုက်ခံပြီး သေဆုံးသွားခဲ့ပါတယ်။